အခြေခံပညာအတန်းများအားလုံး စာမေးပွဲအကျမရှိသည့်စနစ် ကျင့်သုံးရန် လွှတ်တော်တွင်ဆွေးနွေးမည်

အခြေခံပညာအတန်းများအားလုံး စာမေးပွဲအကျမရှိသည့်စနစ် ကျင့်သုံးရန် လွှတ်တော်တွင်ဆွေးနွေးမည်
by -
မဇ္စျိမ

သူငယ်တန်းမှ အထက်တန်း ပြီးဆုံးသည်အထိ ကျောင်းသားများအားလုံး စာမေးပွဲအကျပေးခြင်း မရှိသော အမျိုးသား အဆင့်ပညာရေး မူဝါဒ သစ်တစ်ခုကို အောက်လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပညာရေးပြု
ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် က ပေးပို့ထားသည်။

နိုင်ငံတဝန်းတွင်ဆွေးနွေးပွဲများ အကြိမ် ကြိမ်ဆောင်ရွက်ပြီးမှ ရရှိလာသည့် ရလဒ်ကို လွှတ်တော်သို့ တင်ပြလိုက်ခြင်းဖြစ်သည့် ''အမျိုးသားပညာရေးမူဝါဒ မူကြမ်း''သည် အောက်လွှတ် တော်၏ ပညာရေးမြှင့်တင်မှု ကော်မတီမှ တစ်ဆင့် လွှတ် တော်သို့ တင်ပြမည်ဖြစ် သည်။ မူကြမ်းကို အမတ်များက ယခုလအတွင်း စတင် ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ကျောင်းသားများ အနေ ဖြင့် စာမေးပွဲများ ကျရှုံးမှုမရှိ သော်လည်း ''အတန်းအဆင့် အသီးသီးတွင် ဘာသာရပ် အားလုံး၊ သင်ခန်းစာအား လုံး သင်ယူတတ်မြောက်ပြီး ဖြစ်ရမည်''ဟုလည်း ယင်းမူဝါဒတွင် ဖော် ပြထားသည်။

ယခုကျင့်သုံးနေသည့် နည်းစနစ်ကဲ့သို့ စာသင်နှစ်ကုန်ဆုံးချိန်တွင် ကျောင်းသားများ ကို စာမေးပွဲစစ်ဆေးခြင်း မပြုလုပ်တော့ဘဲ မူလတန်းနောက်ဆုံးနှစ်ဖြစ်သည့် စတုတ္ထ တန်းနှင့် အလယ်တန်းနောက်ဆုံးနှစ်ဖြစ် သည့် အဋ္ဌမတန်းတို့တွင်သာ နိုင်ငံလုံးဆိုင် ရာ အစိုးရစာမေးပွဲစစ်မည်ဟုလည်း မူဝါဒ သစ်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ အစိုးရစစ်စာမေးပွဲများ သည်ပင်လျှင် ကျောင်းသားများ၏ အောင်/ ရှုံးကို ဆုံးဖြတ်ရန်စစ်ဆေးခြင်း မဟုတ်ဘဲ ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် သင်ကြားမှု အ ရည်အသွေးကို စစ်ဆေးအကဲဖြတ်ရန် သာ ပြုလုပ်ခြင်းဖြစ် သည်ဟုလည်း ရေးသားထားသည်။

ပညာရေးမူကြမ်းကို ကမကထပြုရေးဆွဲ ကာ ပညာရေးပြုပြင်ပြောင်းလဲမှုနိုင်ငံလုံး ဆိုင်ရာကွန်ရက်တွင် ဦးဆောင် ပါဝင်နေသူ ဒေါက်တာသိန်းလွင်က ''ကလေးတွေ ငယ် တဲ့ဘဝမှာ ဆုံးရှုံးခြင်းဆိုတာမရှိစေချင်ဘူး။ စာမေးပွဲ မကျပေမယ့် စာလည်းတတ်ရမယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းက ကျောင်းတွေမှာ စဉ်ဆက်မပြတ်အကဲဖြတ် ဆိုတဲ့စနစ်ကို သုံးခဲ့ဖူးတယ်။ ကျောင်းသားတွေ စာမေးပွဲတော့ မကျဘူး၊ ဒါပေမဲ့ စာတော့ မတတ်ဘူး။ ကျွန် တော်တို့ပြောင်းချင်တာက စာပါတတ်ရမယ်'' ဟု ဆိုသည်။

ဒေါက်တာသိန်းလွင်က ''ကျွန်တော် တို့ က သင်တဲ့နည်းပါပြောင်းမှာပါ။ ကလေးတွေ ကို အလွတ်ကျက်စေတဲ့ နည်းမဟုတ်ဘဲနဲ့ ကိုယ်တိုင်တွေးခေါ်စေတဲ့ နည်းကိုသုံးမှာ။ ဆရာက ဦးဆောင်ပြီး သင်ခန်းစာတစ်ခုချင်း စီမှာကျောင်းသားရဲ့ပါဝင်မှု၊ တတ်ကျွမ်းမှု၊ တွေးခေါ်မှု အဲဒါတွေကို စစ်သွားပြီးတော့ လိုအပ်ချက်ကို ဖြည့်ပေးသွားတဲ့ နည်းကိုသုံးမှာ'' ဟု ဆိုသည်။

ပညာရေးမူဝါဒသစ်တွင် ''အတန်းချ စနစ်မရှိသော်လည်း စာမတတ်ဘဲ အတန်း တက်သည့်စနစ်မျိုး မဟုတ်ပါ၊ကျောင်းသား အားလုံးတတ်မြောက်စေ ရန် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားမည်'' ဟု လည်း ပါရှိသည်။

ကျောင်းသားများကို စာမေးပွဲအကျ မပေးဘဲ စာတတ်စေသည့် စနစ်ကိုကျင့်သုံး နိုင်ရန် ကျောင်းဆရာများကို နည်းစနစ်များ ကောင်းမွန်စွာပေးရန်လိုအပ်သလို၊ အရည်အချင်းများလည်း မြှင့်တင်ရန်လိုကြောင်း လည်းဒေါက်တာ သိန်းလွင်က ဆိုသည်။

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဒေါ်သူသူမာက ထို သို့ ကျောင်းသားများကို စာမေးပွဲအကျမပေး သည့်စနစ်ကျင့်သုံးရေးအတွက် မြန်မာအနှံ့ အပြားရှိဒေသ ၂၅ ခုတွင် ဆွေးနွေးကြစဉ်ကငြင်းခုံမှုများရှိခဲ့သည်ဟုလည်း ပြောသည်။

သူမက ''စာမေးပွဲမရှိတော့တာမဟုတ် ပါ ဘူး။ စစ်ဆေးရေးပုံစံပြောင်းလဲလိုက်တာပါ။ လက်ရှိပညာရေးစနစ်မှာ ကျင့်သုံးတာက အဆုံးသတ်မှာစစ်ဆေးတာပါ။ တကယ်တမ်း တော့ ကလေးတွေကို စစ်ဆေးတဲ့အခါ သင် ယူနေစဉ်မှာစစ်ဆေးတာက ပိုပြီးတော့ ထိ ရောက်တယ်''ဟု ဆိုသည်။

အမျိုးသားပညာရေး မူ ဝါဒသစ်မူကြမ်းကို ဖြစ်ပေါ် လာရန်အတွက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလကတည်း က ရန်ကုန်မြို့တွင် စတင် ဆွေးနွေးခဲ့ပြီး တိုင်းနှင့်ပြည် နယ် အသီးသီးတွင် ဆွေးနွေး ပွဲ ၂၅ ကြိမ်တိုင်ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲများတွင် ပညာရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူ၊ လှုပ်ရှား ဆောင်ရွက်နေသူ၊ ပညာရှင် နှင့် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့တို့မှ တက်ရောက်သူ စုစုပေါင်း ၃၂ဝဝ ကျော်ရှိခဲ့သည်။

ထိုဆွေးနွေးပွဲများ၏ နောက်ဆက်တွဲ အဖြစ် ယခုလ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်မြို့၌ ပညာရေးပြုပြင်ပြောင်း လဲရေး ဆိုင်ရာ ညီလာခံကို အပြီးသတ်ကျင်းပခဲ့ရာ လူဦးရေ ၁၃ဝဝ နီးပါးတက်ရောက်ခဲ့ပြီး ဆလုံ၊ ဝ အစရှိသည့် လူမျိုးစုများမှ ပုဂ္ဂိုလ် များပင် ဝင်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါညီလာခံမှ ရရှိလာသော ရလဒ် အဖြစ် အမျိုးသားပညာရေးမူဝါဒသစ် မူ ကြမ်းထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုမူကြမ်းတွင် ပညာရေးကဏ္ဍ ၁၃ ခု ပါဝင်ပြီး ကျောင်းဆရာ/မ များကို ဆရာဝန်၊ အင်ဂျင်နီယာနှင့် စစ်ဘက် အရာရှိများနှင့် တန်းတူ လစာပေးရေး၊ မူလတန်းပြ၊ အလယ် တန်းပြ၊ အထက်တန်းပြတို့ကို လစာတန်းတူပေးရေးနှင့် တက္ကသိုလ်အကြိုအဆင့်အတန်း များတွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ထည့့်သွင်း သင်ကြားရေးတို့ပါ ပါဝင်သည်။