ယာဉ်ကြောပိတ်ဆို့မှု လျော့ကျအောင် ခုံးကျော်တံတားတစ်စင်း ထပ်မံတည်ဆောက်ရန် စီစဉ်

ယာဉ်ကြောပိတ်ဆို့မှု လျော့ကျအောင် ခုံးကျော်တံတားတစ်စင်း ထပ်မံတည်ဆောက်ရန် စီစဉ်
by -
မဇ္စျိမ

မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု များနှင့် ယာဉ်အန္တရာယ်များ နေ့စဉ်ဖြစ်ပွား နေသောကြောင့် ခုံးကျော်တံတား သစ်တစ် စင်းကို ၃၄ လမ်းတွင် တည်ဆောက်ရန် စီစဉ် လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

တည်ဆောက်မည့် တံတားအသစ်၏ ဒီဇိုင်းကို JFE ကုမ္ပဏီမှ ရေးဆွဲပေးမည်ဖြစ် ကြောင်းလည်း သိရသည်။

ယင်းခုံးကျော်တံတားသစ်တွင် ဆိုင် ကယ်များပါ သွားလာနိုင်ရန်အတွက် လေး လမ်းသွားအဖြစ် တည်ဆောက် မည်ဟု သိရ သည်။ လက်ရှိ ခုံးကျော်တံတားများ နှစ် လမ်းသွားများသာ ဖြစ်သောကြောင့် ဆိုင်ကယ်များ ဖြတ်သန်း သွားလာခွင့် မပြုထားကြောင်း သိရသည်။

ထို့အပြင် ခုံးကျော်တံတားများ အဆင်းတွင် မီးပွိုင့်များ ရှိနေခြင်းကြောင့်လည်း အဆင်မပြေမှုများဖြစ်ကာ ယာဉ်ကြောပိတ်ဆို့ မှုများ ဖြစ်ပွားရကြောင်း သိရသည်။ ခုံးကျော် တံတားအသစ် တည်ဆောက်ဖို့ Capital Development ကုမ္ပဏီနဲ့ ဂျပန်က JFE Japan Engineering Coporation တို့က ကမ်းလှမ်းထားပါတယ်။ Capital Development ကတော့ ရန်ကုန် ရွှေဂုံတိုင်ခုံးကျော် တည်ဆောက်နေတဲ့အဖွဲ့ပါ။ ကျွန်တော်တို့ စည်ပင်ကော်မတီ အနေနဲ့ကတော့ လောလောဆယ်ဘတ်ဂျက် မရှိသေးပါဘူး။ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာကတော့ အတိအကျ ဖြေလို့မရသေးပါဘူး'' ဟု စည်ပင်မှ အကြီးတန်းအရာရှိ တစ်ဦးက မဇ္စျိမသို့ ပြော သည်။

မန္တလေးမြို့တွင် လက်ရှိခုံးကျော်တံတား သုံးခုရှိပြီး နောက်ထပ်ခုံးကျော်တံတား အသစ် များ လိုအပ်လျက်ရှိကြောင်း သိရသည်။