မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပညာရေးဖောင်ဒေးရှင်း လှူဒါန်းမည်

မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပညာရေးဖောင်ဒေးရှင်း လှူဒါန်းမည်
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ စစ်ဘေးရှောင်ကျောင်းသားများ တက်ရောက်နေသော ကျောင်းငါးကျောင်းအား အမျိုးသားပညာရေး ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းမည်ဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်း၏ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌ ပန်းတိုင် ဦးသန်းမောင်က ပြောသည်။

Kachi-Refugee-Camp

ဦးသန်းမောင်က ''အသင်းက လှူမယ့်ငွေ သိန်း ၂ဝ၊ ပန်းတိုင်စာပေက ဆယ်သိန်းအပြင်ဒီပြင်အလှူရှင်တွေ က လှူဒါန်းမယ့် အလှူငွေတွေနဲ့ပစ္စည်းတွေကို အဲဒီမြစ်ကြီးနားက စစ်ဘေးရှောင်ကျောင်းသားတွေ တက်နေတဲ့ ကျောင်းငါးကျောင်း ကို ခွဲဝေလှူဒါန်းသွားမှာပါ။ ဇူလိုင်လဆန်းပိုင်းမှာ သွားရောက်လှူဒါန်းမှာပါ'' ဟု မဇ္ဈိမကို ပြောသည်။

ရရှိသောအလှူငွေများကို ဖောင်ဒေးရှင်းအနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် တစ်ခုလျှင် နှစ်ကျောင်းနှုန်း ဖြင့် ကျောင်း ၂၈ ကျောင်းအား သွားရောက်လှူဒါန်းရန် စီစဉ်လျက်ရှိနေပြီး သုံးကျောင်း ထပ် တိုးကာ စုစုပေါင်းကျောင်း ၃၁ ကျောင်းအား လှူဒါန်းသွားမည်ဖြစ်သည်ဟု ဖောင် ဒေးရှင်း၏ အတွင်းရေးမှူး ဦးကျော်မင်းခန့် က ပြောသည်။

ဖောင်းဒေးရှင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် လူတိုင်းအခြေခံပညာ တတ်မြောက်ရေးဟူသော ရည်ရွယ် ချက် အပါအဝင် ရည်ရွယ်ချက်ခြောက်ချက်ဖြင့် ပရဟိတ လုပ်ငန်းများလုပ်ဆောင်နေပြီး အသင်းလုပ် ငန်းစဉ် သုံးဆင့်ခွဲထားသည်။

ပထမအဆင့်တွင်ကျေးလက်နှင့် နယ်စပ်ဒေသရှိ အခြေခံကျောင်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်သင် ပညာရေး ကျောင်းများ၊ မြို့ပြတွင် တည်ရှိသော်လည်း အမှန်တ ကယ်အကူအညီလိုအပ်နေသော အခြေခံကျောင်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံ ကျောင်းများနှင့် ယင်းကျောင်းများမှ ကျောင်း သူကျောင်းသားများအား ကူညီထောက်ပံ့ရန် ဖြစ်သည်။

ရန်ပုံငွေအင်အား တောင့်တင်းလာပါက ဒုတိယအဆင့်ဖြစ်သည့် ထူးချွန်ထက်မြက်သော်လည်း ပညာဆက် လက် သင်ကြားရန်အခက်အခဲရှိသော ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီအား ကူညီပံပိုးသွား ရန်ဖြစ်သည်။ တတိယ အဆင့်မှာ နိုင်ငံတ ကာတက္ကသိုလ်များနှင့်ဆက်သွယ်၍ ပညာရည်မြင့်မားသော ကျောင်းသားကျောင်းသူများအား နိုင်ငံတကာသို့ စေလွှတ်ကာ အဆင့်မြင့် ပညာရပ်များအား သင်ကြားပေး ရန်ဖြစ်သည်။အဆိုပါဖောင်ဒေးရှင်းအား ၂ဝ၁၂ ခု နှစ် သြဂုတ် ၂၁ ရက်တွင် စည်းရုံးရေးကော်မတီစတင်ဖွဲ့ စည်းကာ ၂ဝ၁၂ ခုနှစ်အောက်တိုဘာ၂၁ရက်တွင် ပထမအကြိမ်မျက်နှာစုံညီအစည်းအဝေးနှင့်လှူဒါန်းပွဲ ကျင်းပခဲ့ပြီး၊ ဒေးဒရဲမြို့နယ်တွင် စတင်လှူဒါန်းဖြစ်ခဲ့သည်။