မွန်ပြည်နယ်၊ မော်လမြိုင်မြို့ခံ လူမှုအဖွဲ့အစည်းများ ဦးဆောင်ပြီး အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာ မှုအတွက် ဆွေးနွေးပွဲတစ်ခု ဇွန် ရ ရက်က ကျင်းပခဲ့သည်။
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်များတွင် အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း မော်လမြိုင် တွင်ကျင်းပသောအဆိုပါ ဆွေးနွေးပွဲမှ ဖြစ်မြောက်ရေးကော်မတီက ယင်းဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့သည်။
''အပစ်အခတ်ရပ်စဲခြင်း စောင့် ကြည့် ရေးလုပ်ငန်းစဉ်မှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက် မှု ရှိလာ ဖို့လိုအပ်တယ်'' ဟုဆွေးနွေး ပွဲဖြစ်မြောက် ရေးကော် မတီဥက္ကဋ္ဌ နိုင်စိန်တီးက ပြောသည်။
ဆွေးနွေးပွဲကို မွန်ပြည်နယ်မှ အဖွဲ့အစည်းများဖြစ်ကြသည့် ငြိမ်းဖောင်ဒေးရှင်း၊ ပွင့်လင်းကွန်ရက်အဖွဲ့၊ ရာမည ငြိမ်းချမ်းရေးဖောင်ဒေးရှင်း၊ မွန်အမျိုးသမီးအဖွဲ့၊ မွန်လူငယ် အဖွဲ့အစည်း အစရှိသည့် အဖွဲ့အစည်းရှစ်ခုမှ ဦးဆောင်ပြီး မွန်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားဦးအောင်နိုင်ဦး ကရင်ပြည် နယ်မွန်တိုင်းရင်းသား ရေးရာ ဝန်ကြီး နိုင်ချစ်ဦးတို့ အပါအဝင် စုစုပေါင်း လူ ၅ဝ ဦးခန့် တက်ရောက်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ငြိမ်းဖောင်ဒေး ရှင်းမှ အစီအစဉ်မန်နေဂျာ ဒေါ်နန်ရော်က အပစ်အခတ်ရပ်စဲခြင်း စောင့်ကြည့်လေ့လာရေး၏ သဘောတရားများနှင့် ပြည် တွင်း/ပြည်ပ အတွေ့အကြံုများကို တင်ပြဆွေးနွေး ခဲ့သည်။
ထို့အတူ ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်ဆောင်ရွက်ခဲ့သည့် အပစ်ခတ်ရပ်စဲခြင်း စောင့်ကြည့်လေ့ လာရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများကိုလည်း ငြိမ်းဖောင်ဒေးရှင်းမှ တိုင်းရင်းသားရေးရာအရာရှိ ဦးဘီလုမ်းဇေက တင်ပြခဲ့သည်။