ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ လျှပ်စစ်တာဝါတို စောင့် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး မေ ၂၉ ရက်တွင် လုပ်ကြံခံရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ကြေ ညာချက်ထုတ်ပြန်သည်။
လုပ်ကြံခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အစည်းအရုံး၏ သတင်းနှင့် လူ့အခွင့်အရေး ဌာန၏ မေ ၃ဝ ထုတ်ပြန်ချက်တွင် ပါရှိသည်။
''အဲဒီရဲသုံးယောက်ကို မန်တုံ ဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလားမသိဘူး၊ ဒီနေ့ မနက် မန်တုံ ပြည်သူ့စစ်တွေရော ရဲတွေရောသွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့ သေဆုံးခဲ့တယ်'' ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၁ မိုင်းမျိုးအောင်က ပြောသည်။
''သူတို့ မိဘတွေက ပြောတာတော့ သူတို့ကိုလမ်းပေါ်မှာစောင့်ပြီး သေနတ်နဲ့ ပစ်တယ်လို့ပြောတယ်၊ သူတို့ သေနတ်တွေနဲ့ပဲလား အခြား သေနတ် တွေနဲ့လားတော့ မပြောတတ်သေးဘူး'' ဟုလည်း တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး မလိုည်းလှားရိုင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသည့် တရား ခံကိုမူ မသိရသေးဘဲ မန်တုံရဲစခန်းမှ စုံစမ်းနေဆဲဖြစ်သည်ဟု တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္စျိမကိုပြောသည်။ ရဲသားတို့၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မန်တုံမြို့နယ် ''မိုးသောက်ကြယ်'' နာရေးကူညီရေးအသင်းက အကူအညီပေးမည်ဖြစ်သည်။ အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခံရခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး ဖြစ်သည်။