ပါတီတွင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည် ဟူသော ကောလဟလများ ထွက်ပေါ်နေသည့် ကြားမှ အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို လူဟောင်း လူသစ် သုံးချိူး တချိူးဖြင့် ရွေးချယ် ခန့်အပ်လိုက်သည်။
ပြီးခဲ့သည့် အပတ်က ကျင်းပခဲ့သော ပါတီညီလာခံက ရွေးချယ်ခဲ့ပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင်အသစ်များအဖြစ် ဦးအောင်စိုး၊ ဒေါက်တာမျိူးအောင်၊ ဒေါ်ဖြူဖြူသင်းနှင့် ဦးဇိုဘွဲတို့ ပါဝင်ခဲ့သလို ကျန်အမှုဆောင် အဖွဲ့ဝင်များမှာ လူဟောင်းများ ဖြစ်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည် ၏ ရွေးချယ်မှုနှင့် ပတ်သက်၍ “အလုပ်အမှုဆောင်အဖွဲ့မှာ လူသစ်တွေချည်းပဲ ဆိုရင်လူဟောင်းနဲ့ လူသစ်ကြားမှာ နိုင်ငံရေး အတွေ့အကြံု အရမျိုးဆက် ကွာဟချက် ဖြစ်သွားနိုင်တယ်” ဟု ရှင်းလင်းပြော ကြားခဲ့သည်။
အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသူများမှာ ပါတီအပေါ် သစ္စာရှိစွာ လုပ်ကိုင် ဆောင်ရွက််မည့်သူဟု ယူဆရပြီး ကာလ ရှည်ကြာစွာ ထိုသို့လုပ်ကိုင်ခဲ့သူများ ဖြစ်သည်ဟုလည်း သူကဆိုသည်။
မတ်လ ၁၀ ရက်နေ့ ပါတီညီလာခံတွင် ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်တင် မြှေက်ခံခဲ့ရသော
ဒေါ်အောင်ဆန်းစုကြည်က အမှုဆောင်အသစ်များကို မူ ၃ ချက်အပေါ် အခြေခံ၍ ရွေးချယ်ခဲ့သည်ဟု သတင်းစာရှင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မူတစ်ရပ်မှာ ပါတီနှင့်ယခင်ဆက်ဆံမှုဖြစ်ပြီး “အတွေ့အကြံုရှိတဲ့ လူဟောင်းတွေကို ချန်ထားဖို့ မဖြစ်နိုင်ဘူး” ဟုသူမက ပြောသည်။
ရွေးချယ်မှု ဒုတိယမူမှာ လက်သင့်ခံနိုင်သော စွမ်းဆောင်ရည်ရှိမှုဖြစ်ပြီး တတိယမူမှာ လူသစ်နှင့် တိုင်းရင်းသားများကို ရွေးချယ်ခန့်ထားသင့်သည် ဟူသောမူဖြစ်ကြောင်း သူမကပြောဆိုသည်။
အမှုဆောင် ကော်မတီ တွင်ပါရှိခဲ့သော အမျိုးသမီး အရေအတွက်၏ ၂ ဆ၊ အမျိုးသမီး ၄ ဦး ယခုအမှုဆောင် အဖွဲ့တွင် ပါရှိကြောင်းနှင့် ပြည်တွင်း နိုင်ငံရေးအခင်းအကျင်းနှင့်အတူ ပါတီမူဝါဒများတွင် အပြောင်းအလဲများ ရှိမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူမက “အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တွေနဲ့ ပါတီကလုပ်ဆောင် ရပါမယ်၊ အတိတ်ကာလတုံးက ကျမတို့ရဲ့ ချဉ်းကပ်မှုက အတိုက်အခံပါတီ တစ်ခုပုံစံနဲ့ပါ၊ ဒါပေမယ့် အခုတော့ ပါတီက အပြုသဘော ဆောင်တဲ့ ချဉ်းကပ်မှုရှိရပါမယ်” ဟု ပြောသည်။
အလားတူ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း “အဖွဲ့ဝင်တွေ ရွေးချယ်တင်မြှောက် ခြင်းဖြင့် ပါတီဝင်တွေ အားလုံးက ဒီမိုကရေစီနည်းလမ်း အတွေ့အကြံုရပြီး လက်တွေ့ နားလည်မှုရခဲ့ပါတယ်၊ ပါတီဝင်များ အတွင်းရွေးချယ်မှု လုပ်ငန်းစဉ်အပေါ် သဘောကွဲလွဲမှုများ ရှိခဲ့ပေမယ့် ကျနော်တို့ ပါတီအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာနဲ့ အတွေ့အကြံုတွေ အများကြီး ရခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင်အဖွဲ့သစ်၏ ပထမဆုံး အစည်းအဝေးကို ဧပြီလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး အလုပ်အမှုဆောင်များအား တာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ယင်းအစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု ဆိုသည်။