မြန်မာတွင် နောက်ထပ် ပြုပြင်ပြောင်းလဲမှှုများ လုပ်ရန်လိုသေးဟု EU ဆို

မြန်မာတွင် နောက်ထပ် ပြုပြင်ပြောင်းလဲမှှုများ လုပ်ရန်လိုသေးဟု EU ဆို
by -
မဇ္ဈိမ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှှုများအပေါ် ကျေနပ်မိသော်လည်း နောက်ထပ် လုပ်ဆောင်ရန် လိုနေသေး သည်ဟု ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Barroso က ဆိုသည်။ မတ်လ ၅ ရက်နေ့က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ပြောကြား လိုက်ခြင်း ဖြစ်သည်။

 ec.europa.eu)

 

“အထင်ကြီးရလောက်တဲ့ အပြောင်းအလဲ အခု ဖြစ်ပေါ်နေတယ် ဆိုပေယ့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှှု ဖြစ်စဉ်ဟာ မပြီးပြည့်စုံသေးပါဘူး” ဟု Barroso က ကြေညာချက်တခုတွင် ဆိုသည်။

“အထင်ကြီးရလောက်တဲ့ အပြောင်းအလဲ အခု ဖြစ်ပေါ်နေတယ် ဆိုပေယ့် ဒီမိုကရေစီရေး  ပြုပြင်ပြောင်း လဲမှှု ဖြစ်စဉ်ဟာ မပြီးပြည့်စုံသေးပါဘူး” ဟု Barroso က ကြေညာချက်တခုတွင် ဆိုသည်ဟု UPI သတင်းဌာနတွင် ဖော်ပြထားသည်။  

Barroso က ဥရောပသမဂ္ဂ အနေဖြင့် ဒုက္ခသည်များ အတွက် အကူအညီအဖြစ် နောက်ထပ် အမေရိကန် ဒေါ်လာ ရ သန်းကျော်ကို ပေးအပ်မည် ဖြစ်ကာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှှုများ ပြုလုပ်ရန်အတွက် လည်း အမေရိကန် ဒေါ်လာ ၁၉၅ သန်းကို ပေးအပ်မည်ဟု ဆိုသည်။

သြစတြီးယား သမ္မတ ဒေါက်တာ Heinz Fisher ကလည်း ဦးသိန်းစိန်နှင့် မြို့တော် ဗီယင်နာရှိ သမ္မတ အိမ်တော်တွင် မတ်လ ၄ ရက်နေ့က တွေ့ဆုံခဲ့ကာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှှု အားလုံး အပြည့်အဝ ရုပ်သိမ်းပေးရေးကို သြစတြီးယားနိုင်ငံ အနေဖြင့် ထောက်ခံသွားမည်ဟု ကတိပြုခဲ့သည်ဟု ဆိုသည်။

“အဲဒီ နိုင်ငံတွေမှာ တိုးတက်မှှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ပိတ်ဆို့ အရေးယူမှှုတွေ ရုပ်သိမ်းပေးဖို့ သြစတြီးယား အစိုးရ အနေနဲ့ ထောက်ခံပါတယ်” ဟု သြစတြီးယား သမ္မတ က ဆိုသည်။

၂၀၁၁ ခုနှစ်၊ အစောပိုင်းမှ စတင်၍ ပြုပြင်ပြောင်းလဲမှှုများ ဖြစ်ပေါ်လာ၍ ထိုနှစ် ဧပြီလတွင် ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှှုများအနက် လက်နက်ရောင်းချမှှု တားမြစ်မိန့် မှအပ ကျန် ပိတ်ဆို့ အရေးယူမှှု အားလုံးကို ဆိုင်းငံ့ပေးခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ၁၀ ရက်ကြာ ဥရောပ ခရီးစဉ်သည် ယခုအပတ် နှောင်းပိုင်းတွင် ပြီးဆုံးမည် ဖြစ်ပြီး ခရီးစဉ် အတွင်း နောက်ဆုံးသွားရောက်မည့် နိုင်ငံမှာ အီတလီ နိုင်ငံ ဖြစ်သည်။

Most read this week