ရန်ကုန်တိုင်း၊ စက်မှုဇုန်များရှိ စက်ရုံများမှ ရေဆိုးစွန့်ပစ်မှုများအား စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စစ်ဆေးရေးအဖွဲ့က ဆိုသည်။
ထိုသို့စစ်ဆေးရာတွင် အာဆီယံ စံချိန် စံညွှန်းမီ စက်ရုံများအား ရန်ကုန် အရှေ့ပ်ိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် စက်ရုံ ၁၃ ရုံ၊ တောင်ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် ၂ ရုံ၊ မြောက်ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် ၆ ရုံတို့
တွေ့ရှိရသည်။
“အာဆီယံ စံချိန်စံညွှန်းအတိုင်း ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ရေဆိုးစွန့်ပစ်ရင် အဆင့်ဆင့် ရေစစ်ကန် တည်ဆောက်ပြီးမှ စွန့်ပစ်ဖို့ အာဆီယံ စံချိန်စံညွှန်း မကိုက်ညီတဲ့ စက်ရုံ အချို့ကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ အရှေ့ပ်ိုင်း ခရိုင် စက်ရုံ ၁၁ ရုံ၊ တောင်ပိုင်း ခရိုင်မှာ ၂ ရုံ၊ မြောက်ပိုင်းခရိုင်မှာဆိုရင် ၄ ရုံ စစ်ဆေး တွေ့ရှိခဲ့ ပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည် ဦးအောင်မြင့်မော် က ပြောသည်။
ယခင်က စက်မှုဖွံ့ဖြိုးရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့သဖြင့် ရေစစ်ကန် မဆောက်သည့် စက်ရုံများ ရှိသကဲ့သို့ ရေစစ်ကန် ပါဝင်သော်လည်း နည်းပညာ အားနည်း၍ ပတ်ဝန်းကျင် ညစ်ညမ်း ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ သည့် စက်ရုံများလည်း ရှိသည်။
“စက်မှုဇုန်တွေမှာ ရေထွက်တဲ့ စက်ရုံနဲ့ ရေမထွက်တဲ့ စက်ရုံဆိုပြီး နှစ်မျိုး ရ်ိှတယ်။ အခု စစ်ဆေးနေတာက
ရေထွက်တဲ့ စက်ရုံတွေကို အရင်စစ်ဆေးနေတာပါ။ တိုင်စာထိတဲ့ စက်ရုံတွေကိုလည်း စစ်ဆေးပါတယ်။ သာကေတ ဇုန်ဆိုရင် ဆီအုန်းစက်ရုံတွေက အနံ့ထွက်နေတာ၊ မြောင်းတကာက ကျောက်မီးသွေးနဲ့ သံရည်
ကြိုတဲ့အတွက် ကာဗွန်နံ့တွေနဲ့ ပြာတွေ ထွက်လို့ တိုင်ထားတာတွေ ရှိတယ်။ အဲဒီကိစ္စတွေ အဆင်ပြေအောင်
ဆောင်ရွက်နေတဲ့ စပ်ကြား စက်ရုံတွေကို ခဏရပ်ခိုင်းထားတယ်။ အားလုံး အဆင်ပြေအာင် ဆောင်ရွက်ပြီးမှ စက်ရုံတွေကို လည်ခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု စက်မှုဇုန် အုပ်ချုပ်ရေးရုံးမှ ဦးလှမြင့် က ဆိုသည်။
ယခုအခါ ရေထု၊ လေထု၊ မြေထု သန့်စင်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်
နေပြီ ဖြစ်ကြောင်း သိရသည်။