လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းအတွင်း သပိတ် စခန်းများ ဖြိုခွင်းမှုတွင် မီးစုန်းဓာတ် Phosphorous များ အသုံးပြု၍ နှိမ်နင်းသည် ဟူသော သုံးသပ်ပြောဆိုမှုများကို ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပယ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏တွေ့ရှိချက်ကိုသာ အတည်ပြုနိုင် မည်ဟု AFP သို့ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့် အမေရိကန်အခြေစိုက်တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး
ထွန်းကားရေး ဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်း Justice Truth တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပေါ် ဦးရဲထွဋ်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
Justice Truth က သူ၏ တွေ့ရှိမှုများကို ထုတ်ပြန်ရာတွင် သပိတ်စခန်းများတွင် အသုံးပြုသည့်
လက်နက်များသည် မီးစုန်း Phosphorous ပါဝင်ပြီး အဆိုပါ မီးစုန်းသည် လေထဲတွင် ပေါက်ကွဲကာ မီးလောင်စေသည့် မီးစုန်းအမှုန့်များ ထွက်လာရာမှ ရေနှင့်တွေ့လျှင် အပူဓာတ်အလွန်မြင့်မားသည့် မီးစုန်းအက်ဆစ် ဖြစ်ပေါ်လာကာ မီးလောင်စေသည့် လက်နက်အမျိုးအစား ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ ဦးရဲထွဋ်က ''ကျွန်တော်တို့အနေနဲ့တစ်ဦးတစ်ယောက်တည်းရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပြုလိုပါဘူး''ဟုလည်း AFP သို့ ပြောကြားထားသည်။
ယင်းအပြင် အဆိုပါထုတ်ပြန်မှုသည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုများကိုပါ
အနှောက်အယှက် ဖြစ်စေနိုင်သည်ဟု သူကဆိုသည်။
Justice Truth အဖွဲ့ ဒါရိုက်တာ အပြည်ပြည်ဆိုင်ရာဥပဒေ နှင့်လူ့အခွင့်ရေးဆိုင်ရာပါမောက္ခ Roger Normand ကမူ ''ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို ဖြိုခွင်းဖို့ ရဲတွေက ကြိုတင်စီစဉ်ထားပုံရပါတယ်။ သူတို့အသုံးပြုတဲ့ လက်နက်ဟာ စစ်တပ်မှာသာ ရှိနိုင်တဲ့ လက်နက်ဖြစ်ပြီး စစ်ဖြစ်နေတဲ့ အနေအထား မှာတောင် လူတွေဆီကို ရည်ရွယ်ပြီး ပစ်ခတ်ခြင်း မပြုအောင် ပယ်ဖျက်ထားတဲ့ လက်နက် အမျိုးအစားပါ''ဟု ဖေဖော်ဝါရီ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းမှုအတွင်း ပြောသွားသည်။
စုံစမ်းစစ်ဆေးချက်များအရအဆိုပါနယ်မြေအတွင်း လယ်ယာမြေမရောင်းချလိုသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေသတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် မူလတန်းကျောင်းကိုပိတ်ခဲ့ပြီး ကျောင်းသား မိဘများ စာချုပ်တွင် သဘောတူ လက်မှတ်မထိုးပါက အနီးဝန်းကျင်ကျောင်းများသို့ ဝင်ခွင့်ထောက်ခံ ချက်မပေးခြင်း၊ စာချုပ်ပါအချက်အလက်များအား ဒေသခံများအားဖတ်ရှုခွင့် မပေးခြင်း စသည့် ဥပဒေကို အလွဲသုံးခြင်းများ တွေ့ရှိခဲ့ရသည် ဟုလည်း ရှေ့နေများကွန်ရက် (မြန်မာနိုင်ငံမှ) ဦးအောင်သိန်းက ပြောသည်။
လက်ပန်တောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်နှင့် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကမူ ကော်မရှင် အနေဖြင့် လာမည့် ဖေဖော်ဝါရီ လကုန်တွင် အပြီးသတ်အစီရင်ခံစာကိုသမ္မတနှင့် ပြည်သူအား
တင်ပြမည် ဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ ပြည်တွင်းပြည်ပမှ စုံစမ်းမှုများကိုကြိုဆိုသော်လည်း ကော်မရှင်၏ အစီရင်ခံစာကိုလည်း ပြည်သူများ
အနေဖြင့် စောင့်စေလိုကြောင်း ဆိုသည်။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သပိတ်စခန်းများဖွင့်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသော သံဃာတော်များနှင့်ဒေသခံများကိုအာဏာပိုင်များက ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီခန့်တွင် ဖြိုခွင်းရာ သံဃာအပါး ၁ဝဝ ကျော်မီးလောင်ဒဏ်ရာများရရှိခဲ့ကြသည်။
သပိတ်စခန်း ဖြိုခွင်းမှုတွင်သုံးသည့် လက်နက်နှင့် ပတ်သက်၍ ဒုဝန်ကြီး တု့ံပြန်
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့် အမေရိကန်အခြေစိုက်တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး
ထွန်းကားရေး ဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်း Justice Truth တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပေါ် ဦးရဲထွဋ်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
Justice Truth က သူ၏ တွေ့ရှိမှုများကို ထုတ်ပြန်ရာတွင် သပိတ်စခန်းများတွင် အသုံးပြုသည့်
လက်နက်များသည် မီးစုန်း Phosphorous ပါဝင်ပြီး အဆိုပါ မီးစုန်းသည် လေထဲတွင် ပေါက်ကွဲကာ မီးလောင်စေသည့် မီးစုန်းအမှုန့်များ ထွက်လာရာမှ ရေနှင့်တွေ့လျှင် အပူဓာတ်အလွန်မြင့်မားသည့် မီးစုန်းအက်ဆစ် ဖြစ်ပေါ်လာကာ မီးလောင်စေသည့် လက်နက်အမျိုးအစား ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ ဦးရဲထွဋ်က ''ကျွန်တော်တို့အနေနဲ့တစ်ဦးတစ်ယောက်တည်းရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပြုလိုပါဘူး''ဟုလည်း AFP သို့ ပြောကြားထားသည်။
ယင်းအပြင် အဆိုပါထုတ်ပြန်မှုသည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုများကိုပါ
အနှောက်အယှက် ဖြစ်စေနိုင်သည်ဟု သူကဆိုသည်။
Justice Truth အဖွဲ့ ဒါရိုက်တာ အပြည်ပြည်ဆိုင်ရာဥပဒေ နှင့်လူ့အခွင့်ရေးဆိုင်ရာပါမောက္ခ Roger Normand ကမူ ''ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူေတွကို ဖြိုခွင်းဖို့ ရဲတွေက ကြိုတင်စီစဉ်ထားပုံရပါတယ်။ သူတို့အသုံးပြုတဲ့ လက်နက်ဟာ စစ်တပ်မှာသာ ရှိနိုင်တဲ့ လက်နက်ဖြစ်ပြီး စစ်ဖြစ်နေတဲ့ အနေအထားမှာတောင် လူတွေဆီကို ရည်ရွယ်ပြီး ပစ်ခတ်ခြင်း မပြုအောင် ပယ်ဖျက်ထားတဲ့ လက်နက် အမျိုးအစားပါ''ဟု ဖေဖော်ဝါရီ ၁၄ ရက်နေ့
သတင်းစာရှင်းလင်းမှုအတွင်း ပြောသွားသည်။
စုံစမ်းစစ်ဆေးချက်များအရအဆိုပါနယ်မြေအတွင်း လယ်ယာမြေမရောင်းချလိုသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊
ဒေသတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် မူလတန်းကျောင်းကိုပိတ်ခဲ့ပြီး ကျောင်းသား မိဘများ စာချုပ်တွင် သဘောတူ လက်မှတ်မထိုးပါက အနီးဝန်းကျင်ကျောင်းများသို့ ဝင်ခွင့်ထောက်ခံ ချက်မပေးခြင်း၊ စာချုပ်ပါ
အချက်အလက်များအား ဒေသခံများအားဖတ်ရှုခွင့် မပေးခြင်း စသည့် ဥပဒေကို အလွဲသုံးခြင်းများ တွေ့ရှိခဲ့ရသည်
ဟုလည်း ရှေ့နေများကွန်ရက် (မြန်မာနိုင်ငံမှ) ဦးအောင်သိန်းက ပြောသည်။
လက်ပန်တောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်နှင့် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကမူ
ကော်မရှင် အနေဖြင့် လာမည့် ဖေဖော်ဝါရီ လကုန်တွင် အပြီးသတ်အစီရင်ခံစာကိုသမ္မတနှင့် ပြည်သူအား
တင်ပြမည် ဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ ပြည်တွင်းပြည်ပမှ စုံစမ်းမှုများကိုကြိုဆိုသော်လည်း ကော်မရှင်၏ အစီရင်ခံစာကိုလည်း ပြည်သူများ
အနေဖြင့် စောင့်စေလိုကြောင်း ဆိုသည်။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သပိတ်စခန်းများဖွင့်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသော သံဃာတော်များနှင့်ဒေသခံများကိုအာဏာပိုင်များက ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီခန့်တွင် ဖြိုခွင်းရာ သံဃာအပါး ၁ဝဝ ကျော်မီးလောင်ဒဏ်ရာများရရှိခြဲ့ကသည်။