မြန်မာ့ ဦးစားပေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ချေးမည်

မြန်မာ့ ဦးစားပေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ချေးမည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၁၆၅ သန်းအား အတိုးနှုန်းမဲ့ ထုတ်ချေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ချက်ထရီယံ ဟော်တယ် တွင် ယမန်နေ့က ပြုလုပ်သည့် ကမ္ဘာ့ဘဏ် အကြီးအကဲများ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါငွေအား မြန်မာနိုင်ငံသို့ပေးခြေရန် အစိုးရနှင့်သော်လည်းကောင်း လူထုအခြေပြု အဖွဲ့အစည်းများနှင့် သော်လည်းကောင်း ဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ လုပ်ငန်းနှင့်အတူ ငွေပေးချေသွားမည် ဖြစ်ကြောင်း IFC (International Finance Cooperation) အလုပ်အမှုဆောင် ဒုဥက္ကဌ နှင့် CEO ဖြစ်သူ ဂျင်ယောင်ချိုင်းက ပြောသည်။

၎င်းက “ကျွန်တော်တို့ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၁၆၅ သန်း ကူညီပါမယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ အကြီးစား စီမံကိန်းတွေ အကောင်အထည်ဖော်ဖို ့ IFC က ဦးစားပေးအနေနဲ့ အစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ” ပာု ပြောသည်။

မြန်မာနိုင်ငံတွင် လူလေးဦးလျင် တစ်ဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရှိနေပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ လက်ရှိပေးဝေမှုကို တိုးမြှင့်ခြင်းသည် နိုင်ငံအတွက် ဦစားပေး ဆောင်ရွက်ချက် အဖြစ် အရေးပါကြောင်း ၎င်းကပြောသည်။

လောလောဆယ် မြန်မာနိုင်ငံ၏ လူထုအခြေပြု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန် ဒေါ်လာ သန်း(၈၀)အား ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ကူညီထားသလို ယခု ဒေါ်လာ ၁၆၅ သန်းအား သီးသန့် ထုတ်ချေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ တာဝန်ရှိသူ ကိုကျော်စိုးလွင် က “ဒီငွေတွေပာာ ကမ္ဘာ့ဘဏ်က ငွေလုံးငွေးရင်းနဲ့ ပေးမှာမပာုတ်ပါဘူး။ လုပ်ငန်းအလိုက်ဘဲ ငွေတွေ အရစ်ကျ ချပေးမှာပါ” ဟု ဆိုသည်။

ထို ့ပြင် အဆိုပါ ချေးယူထားသည့် ငွေများအား မြန်မာနိုင်ငံ အနေဖြင့် နောင်လာမည့် အနှစ်လေးဆယ် အချိန်ကျမှသာ ပေးချေရမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ များ၏ ပြောကြားချက်အရ သိရသည်။

ကမ္ဘာ့ဘဏ်မှ အကြီးအကဲများသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ အဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအဖွဲ့အစည်း များနှင့် ယခင်လ အနည်းငယ်က တွေ့ဆုံခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲများ မြင်တွေ့ရသည့် အပေါ် ယခုကဲ့သို ့ ချေးငွေများ ပြန်လည်ပ့ံပိုးပေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအား အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုဥက္ကဌနှင့် CEO ဖြစ်သူ ဂျင်ယောင်ချိုင်း၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဌ အက်ဆယ်ဗန် ထရော့စန်ဘတ်ဂ်၊ IFC ၏ အာရှပစိဖိတ် ဒုဥက္ကဌ ကာရင်ဖင် ကယ်စတန်နှင့် MIGA ၏ ဒုဥက္ကဌ မိုက်ကယ်ဝမ်ဆာတို့ ပါ၀င်သော အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသိ့ု သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။