ကာကွယ်ရေး ၀န်ကြီးဋ္ဌာန၏ ဇန်နဝါရီလ ၂၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကချင်စစ်ပွဲနှင့် ဆက်နွယ်သည့် သတင်းထုတ်ပြန်ချက်နှင့် ပတ်သတ်၍ မြန်မာ့တပ်မတော်ဖက်မှ ပြည်သူ့ဆက်ဆံရေး စနစ်အားနည်းနေ ကြောင်း ၀ါရင့်သတင်းစာ ဆရာများက ပြောဆိုသည်။
ယမန်နေ့နေ့စွဲဖြင့် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ကချင်ပြည်နယ်တွင် ဖြစ်ပွား
လျှက်ရှိသည့် အဖြစ်အပျက်များနှင့် ပတ်သတ်၍ မီဒီယာက တပ်မတော် ထိုးစစ်ဆင်နေမှုများသာ တဖက်သတ်
ဇောင်းပေးကာ ဖော်ပြနေသလို စာနယ်ဇင်းအချို့မှ မမှန်မကန် သတင်းများဖြင့် အစိုးရနှင့်ပြည်သူအကြား အထင်အမြင်လွဲမှားစေရန် လုဆောင်နေသည့်အပြင် တရားဝင်မီဒီယာများပာု သုံနှုန်းထားသည့်အပေါ် သတင်းစာဆရာများက ယခုကဲ့သို့ ဝေဘန်ပြောဆိုကြခြင်းဖြစ်သည်။
“မီဒီယာက တစ်ဖက်စောင်းနင်းဖြစ်တယ်ဆိုတာက တစ်ဖက်စောင်းနင်းပဲကြားရလို့၊ တစ်ဖက်က သတင်းမထုတ်ပြန်လို့ ဖြစ်တာပေါ့။ လက်ရှိပြောင်းလဲနေတဲ ့တိုင်းပြည်ရဲ့ အခြေအနေအရဆိုရင် တပ်မတော်ဖက်ကလည်း သတင်းထုတ်ပြန်ပေးဖို ့လူတစ်ယောက်လိုတယ်´ ဟု The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကပြောသည်။
ထို့အပြင် ထုတ်ပြန်ချက်၌ တရားဝင်မီဒီယာဟု သုံးနှုန်းထားသော်လည်း တရားဝင် မီဒီယာ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုခြင်း မပြုသဖြင့် ကြေညာချက် ပြည့်စုံမှု မရှိဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အိုးပင်းနယူးစ် အပတ်စဉ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးသီပာစော ကမူ “သူတို ့ ပြောတာ တချို့ပာာတွေက မှန်ပါတယ်။ ဘာလို ့လည်းဆိုတော့ အစိုးရဖက်က သတင်းထုတ်ပြန်တာ မရှိဘူး။ အမှန်က နှစ်ဖက်မျှတဲ့ သတင်းတွေရလေ သတင်းကောင်းလေဘဲ။ စစ်ပွဲတွေမှာ အစိုးရဖက်က သတင်းယူခွင် ့မရတာက ဖြစ်နေကျပါ။ အစိုးရဖက်က သတင်းသမားတွေကို သတင်းယူခွင့်ပေးသင် ့တယ်” ပာု ပြောဆိုသည်။
ဦးကျော်မင်းဆွေက ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်တွင် ပြည်သူ့ဆက်ဆံရေးစနစ်ကို သေချာ
လေ့လာထားသော ကျွမ်းကျင်သူ မရှိကြောင်း ထို ့ကြောင့် အဆိုပါ ကြေညာချက်တွင် အသုံးအနှုန်းမှအစ မှားယွင်းနေသည်ဟု မှတ်ချက်ပြု ပြောဆိုသည်။
ထိုသို ့ ထုန်ပြန်ချက်တွင် တရားဝင် မီဒီယာပာု သုံးနှုန်းထားသည် ့အတွက် ပြည်တွင်း၌ တရားမဝင် မီဒီယာများ ရှိနေသေးသလားပာု မေးခွန်းပြန်လည်ထုတ်သင် ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ပြည်တွင်းသတင်းထောက်များ အနေဖြင့် ကချင်စစ်ပွဲနှင် ့ ပတ်သတ်သည် ့ သတင်းများ ရေးသားရာတွင် တပ်မတော်ဘက် ကိုလည်း မေးမြန်းသင့်ကြောင်း ၊ ထိုသို့မေးမြန်းရာတွင် တပ်မတော်ကို ဆက်သွယ်မရပါက သမ္မတရုံးကိုလည်းမေးမြန်းသင့်ကြောင်းနှင့် ၎င်းတို့ဘက်မှ မပြောပါကလည်း မပြောပာု ရေးသားသင့် ကြောင်းနှင့် အဓိကအချက်မှာ မေးမြန်းခဲ ့သည်ဆိုသည်ကို ပေါ်လွင်အောင် ရေးသားရမည်ဖြစ်သည်ဟု သတင်းစာဆရာနှစ်ဦး စလုံးက ပြောကြားခဲ့သည်။
သတင်းစာပညာရပ်တွင် သတင်းရေးသားရာ၌ ဘက်မလိုက်ရန်၊ မျှတမှုရှိရန်၊ ဓမ္မဓိဋ္ဌာန်ကျရန်တို့မှာ သတင်း
ကောင်းတပုဒ်၏ မရှိမဖြစ်အင်္ဂါရပ်များအဖြစ် သင်ကြားထားကာ သတင်းတပုဒ်တွင် သက်ဆိုင်သည့် ဘက်အားလုံး ကို မေးမြန်းဖေါ်ပြရန် ကျင့်ဝတ်အရပါ ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။