သတ္တုတွင်း ဝန်ကြီးဋ္ဌာန နှင့် အခြား ဝန်ကြီးဋ္ဌာန များတွင် ငွေကြေး အလွဲသုံးစားမှုများ ရှိကြောင်း ဖော်ထုတ် ရေးသား ခဲ့သည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီး ဌာနမှ အသရေ ဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် ဆွဲဆို ထားခြင်းကို ၀န်ကြီးဋ္ဌာန ဘက်မှ ပြန်လည် ရုပ်သိမ်းရန် သဘောတူလိုက်ပြီဖြစ်သည်။
ပြန်ကြားရေး ဝန်ကြီးဋ္ဌာန၊ နှင့် ယာယီ စာနယ်ဇင်း ကောင်စီ မှ သတ္တုတွင်းဝန်ကြီးဋ္ဌာနသို့ သွားရောက် ညှိနှိုင်း
ပေးခဲ့ပြီးနောက် ယခု ရလာဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒီလို သတ္တုတွင်းဝန်ကြီးဋ္ဌာနဘက်မှ ရုပ်သိမ်းပေးလိုက်တဲ့ အမှုကိစ္စနဲ့ ပတ်သတ်ပြီး The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ယာယီစာ နယ်ဇင်းကောင်စီမှ ကြားဝင် အကြံပေးမှုကြောင့် နှစ်ဖက်ပြေလည်မှု ရရှိတာဖြစ်ကြောင်း ပြောဆိုပြီး ၎င်းက "အခုလိုဖြစ်သွားတာ win -win ဖြစ်တဲ့ ရုပ်သိမ်းသွားတဲ့ဟာ အင်မတန်ကောင်းတဲ့ဟာ ဖြစ်တယ်။ ဘယ်သူမှမနိုင်ဘူး ဘယ်သူမှ မရှုံးဘူး၊ ဒီမိုကရေစီနည်းကျတယ်" ဟု မဇ္စျိမကို ပြောသည်။
တရား စွဲဆိုမှု (၈) လ ကြာမြင့် ခဲ့ပြီးနောက် စွဲချက် မတင် သင့်ကြောင်းကို ရန်ကုန် တိုင်းဒေသကြီး တရား လွှတ်တော် တွင် The Voice Weekly မှ အယူခံလျှောက်ထား နေချိန်၌ သတ္တုတွင်း ဝန်ကြီး ဌာနမှ ယခုကဲ့သို့ အမှုအား ရုပ်သိမ်း ပေးခဲ့ခြင်း ဖြစ်သည်။