ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီး၏ ‘၂ဝ၁၂ ပုဂ္ဂိုလ်ကျော်’ အဖြစ် ရွေးချယ်ရန် အဆိုပြုမှု ထားသူ ဆန်ကာတင် ၄ဝ ထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တို့အား ပူးတွဲဖော်ပြ ထားသည်။
ထိုပုဂ္ဂိုလ်များကို အွန်လိုင်း စာဖတ်ပရိသတ်မှ ဆန္ဒမဲပေးနိုင်ပြီး အယ်ဒီတာအဖွဲ့က ရွေးချယ်ကာ ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင် ကြေညာမည် ဖြစ်သည်။
သို့သော် ၂ဝ၁၂ ခုနှစ်အတွင်း သတင်းများတွင် သြဇာအသက်ရောက် ဆုံးသူကို အွန်လိုင်း စာဖတ်ပရိသတ်မှ မဲဆန္ဒ အများဆုံး ရရှိသူအမည် ကိုမူ ဒီဇင်္ဘာလ ၁၄ ရက်နေ့တွင် ကြေညာမည်ဖြစ်ကာ မဲပေးပိုင်ခွင့်ကို ဒီဇင်္ဘာ ၁၂ ရက်နေ့ ညသန်းခေါင်ထိ ခွင့်ပြုထားသည်။
ယခု သတင်းရေးသားနေချိန် ဗုဒ္ဓဟူးနေ့ည ရး၃၅ မိနစ်တွင် ကောက်ခံရရှိသည့် မဲအရေအတွက်အရ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးသိန်းစိန်မှာ ထောက်ခံမဲ ၂၇,၂၆၈ မဲဖြင့် နံပါတ် ၁၅ နေရာတွင် ရှိနေပြီး ထောက်ခံမဲ ၂၂၁,၁ဝ၄ ရရှိထားသည့် အီဂျစ်သမ္မတ မိုဟာမဒ် မော်စီမှာ နံပါတ် ၁ နေရာတွင် ရှိနေသည်။
နံပါတ် ၈ နေရာတွင်ရှိသည့် ဘားရက် အိုဘားမားမှာ ထောက်ခံမဲ ၄၅,၇၇၃ ရရှိထားပြီး ဟီလာရီ ကလင်တန်မှာ ၂၇,၃၈ဝ မဲဖြင့် နံပါတ် ၁၄ နေရာတွင် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိနး်စိန် တို့အား မဲပေးလိုပါက အောက်ပါလင့်တွင် သွားရောက် ဆန္ဒပြုနိုင်သည်။
http://www.time.com/time/specials/packages/article/0,28804,2128881_2128882_2129196,00.html