မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှှု ဥပဒေများ ရေးဆွဲနေဆဲသာ ရှိသေးသော်လည်း ကိုလံဘီယာ တက္ကသိုလ်နှင့် အောက်စဖို့ တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည့် ဥဇဘက်ကစ္စတန် အမျိုးသား တဦးက ပထမဆုံး ရင်းနှီးမြှုပ်နှံမှှုဘဏ် (investment bank) ဖြစ်သည့် Mandalay Capital ကို စတင် တည်ထောင်လိုက်သည်။
ရင်းနှီးမြှုပ်နှံသူ အလီရှား အလီ Alisher Ali သည် မြန်မာနိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှှုဘဏ်အတွက် ဘဏ္ဍာငွေ ဒေါ်လာ ၂၅ သန်း ရရှိထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နည်းလမ်းရှာဖွေနေကြသည့် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများနှင့် အရင်းအနှီးနှင့် လမ်းညွှန်မှှုများ လိုအပ်နေသည့် မြန်မာနိုင်ငံ ဒေသတွင်း ကုမ္ပဏီများ အကြားတွင် Mandalay Capital က ပေါင်းကူး ဆက်သွယ်ပေးမည်ဟု Businessweek.com ဝက်ဘ်ဆိုက် ၏ အင်္ဂါနေ့က ဆောင်းပါး တပုဒ်တွင် Ali က ပြောဆိုခဲ့သည်။
သူသည် ၂ဝဝ၈ ခုနှစ်တွင် မွန်ဂိုလီးယား နိုင်ငံ အူလန်ဗတော မြို့၌ ရင်းနှီးမြှုပ်နှံမှှုဘဏ် တခုဖြစ်သည့် Eurasia Capital ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ထိုဒေသတွင် စီးပွါးဘက် ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ ဆုတံဆိပ်များ ရရှိခဲ့သည့်Eurasia Capital ၏ ပုံစံအတိုင်း Mandalay Capital ကို ဆောင်ရွက်မည်ဟု သူက ဆိုသည်။
Mandalay Capital ၏ ဝန်ထမ်းငါးဦး အနေဖြင့် အလုပ်များကို ရုံးမှ လုပ်ကိုင်နေခြင်း မဟုတ်ဘဲ ဘန်ဂလို တလုံးမှနေ၍ လုပ်ကိုင်နေသည်ဟု ဆောင်းပါးထဲတွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်တွင် ရုံးခန်းနေရာ စုစုပေါင်း အဖြစ် ၆၃,ဝဝဝ စတုရန်းမီတာ (၆၇၈,၁၂၆ စတုရန်းပေ) ခန့်သာ ရရှိနိုင်ပြီး ထိုပမာဏသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Empire Tower မိုးပျံတိုက် တတိုက်တည်းတွင် ရရှိနိုင်သည့် စုစုပေါင်း ရုံးခန်း ဧရိယာထက်ပင် တဝက်ခန့် လျော့နည်းနေသည်ဟု အိမ်ခြံမြေ ကုမ္ပဏီ Colliers International ၏ အဆိုအရ သိရသည်။ ထိုကဲ့သို့ နေရာမလုံလောက်သည့်အပြင် လိုအပ်သော ရုံးခန်းအရေအတွက် မြင့်မားလာခြင်းက တိုက်ခန်း စျေးနှှုန်းများကို မြင့်တက်စေခဲ့သည်။
အနောက်နိုင်ငံမှ စီးပွါးရေး လုပ်ငန်းများသည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသဖြင့် ရန်ကုန်တွင် စျေးနှှုန်းများ မြင့်တက်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ နီးပါးခန့် ရှိနေပြီး အလုပ်သမားများ အတွက် ပျမ်းမျှလစာမှာ တလလျှင် အမေရိကန် ဒေါ်လာ ၁၅ဝ ထက် လျော့နည်းသဖြင့် ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှှံသူများ အတွက် အခွင့်အလမ်းများစွာ ကျန်ရှိနေသေးသည့် နောက်ဆုံးနယ်မြေများထဲမှ တခုအဖြစ် မြန်မာနိုင်ငံအား ရှှုမြင်နေကြသည်။