မြန်မာသွင်းကုန် ကန့်သတ်ထားမှုအချို့ အမေရိကန် ရုတ်သိမ်းတော့မည်

မြန်မာသွင်းကုန် ကန့်သတ်ထားမှုအချို့ အမေရိကန် ရုတ်သိမ်းတော့မည်
by -
မဇ္ဈိမ

သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးမြှင့်သည့် အနေဖြင့် အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ သွင်းကုန် အချို့အပေါ် တားမြစ် ကန့်သတ်ထားချက်များ ရုတ်သိမ်း
ကြောင်း ကြေညာရန် စီစဉ်နေသည်ဟု သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်မည့် အမျိုးသားဒီမိုကရေစီ်အဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)
တနင်္ဂနွေနေ့တွင် အမေရိကန်သို့ ထွက်ခွါသွားသည့် ဒေါ်အောင်ဆန်းစုကြည်က သွင်းကုန်ကန့်သတ်ထား ချက်အား ရုတ်သိမ်းပေးရန် တိုက်တွန်းခဲ့သည်။ အကယ်၍သာ ထိုလုပ်ရပ်ကို လုပ်ဆောင်မည်ဆိုပါက အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့် အခြားသော အချက်များအရ၊ လွှတ်တော်ဆိုင်ရာ ဥပဒေမှတဆင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ်ခြင်းက သူ မရောက်မီ ကြို၍ ရုတ်သိမ်းသည့် အမိန့် ထွက်ရှိမှုကို ကာကွယ်ပေးမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန် ပြည်ထောင်စုသို့ ယခုလကုန်တွင် သွားရောက် လည်ပတ်ရန်ရှိပြီး ကန့်သတ်မှုရုတ်သိမ်းကြောင်း တရားဝင်ကြေညာမှုကို ထိုအချိန်တွင် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် တွင် ရောက်ရှိနေချိန်လောက်တွင် ပြုလုပ်မည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှှုများကို သုံးနှစ် ထပ်မံ သက်တမ်း တိုးရန် အမေရိကန် အောက်လွှတ်တော်က သြဂုတ်လ ၂ ရက်နေ့က သုံးနှစ် ထပ်မံသက်တမ်းတိုးထားခြင်း ဖြစ်ပြီး ထိုအထဲမှ အချို့ကို ရုတ်သိမ်းရန်ဖြစ်မည်။

ထိုသို့ ရုတ်သိမ်းရေး လုပ်ဆောင်ချက်ကို အမေရိကန် အိမ်ဖြူတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လွှတ်တော်ရှိ အရာရှိများ ဆွေးနွေးနေကြောင်း သောကြာနေ့ထုတ် Financial Times ၏ သတင်းအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၁၄ ရက်ကြာ ခရီးစဉ် သို့မဟုတ် ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်းရှိ ကျန်နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးမည့်သတင်းကို ကြေညာပေးလိမ့်မည် ဟူသော ခန့်မှန်းမှုများလည်းဖြစ်ပွားလျက်ရှိသည်။

သွင်းကုန် တားမြစ်ကန့်သတ်မှုကို အမေရိကန်တို့ ရုတ်သိမ်းပေးလိုက်သည့် အမိန့်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ရေးဆွဲရန် ့နေပြည်တော် လွှတ်တော်၌ ညှိနှိုင်းဆွေးနွေးနေသည့် အချိန်တွင် မြန်မာအစိုးရအပေါ် အားပေးမှု ဖြစ်စေမည်ဖြစ်ပြီး ဆယ်စုနှစ်ပေါင်း များစွာ တံခါး ပိတ်ထားပြီးနောက် ဖွင့်ပေးရန်ကြိုးစားနေသည့် သမ္မတဦးသိန်းစိန်၏ အားထုတ်မှုများကိုလည်း အထောက်အကူ ဖြစ်စေလိမ့်မည်ဟု သံတမန်ရပ်ကွက်က ပြောဆိုနေကြသည်။

ယခုလုပ်ရပ်သည် ဥရောပ EU စျေးကွက်တွင် မြန်မာနိုင်ငံအတွက် ဦးစားပေး ကုန်သွယ်ရေး အခွင့်အလမ်းများ
ပြန်လည်ရရှိရန် ဥရောပကော်မရှင်က အဆိုပြုချက် မူကြမ်း ရေးဆွဲနေချိန်နှင့်လည်း တိုက်ဆိုင်နေကြောင်း Financial Times တွင် ရေးသားထားသည်။

သို့ရာတွင် လွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သဘောတူ ထောက်ခံမှသာ ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် လေ့လာ ဆန်းစစ်သူများက ပြောကြားကြသည်။

လွန်ခဲ့သည့် ၁ဝ နှစ် သို့မဟုတ် ၁၅ နှစ်က အရေးယူပိတ်ဆို့မှု မလုပ်ခင် အချိန်အထိ၊ အဝတ်အထည်၊ ဖိနပ်၊ အေးခဲ ထားသော အသားများနှင့် အခြား စားသောက်ကုန် ပစ္စည်များသည် အနောက်နိုင်ငံများသို့ တင်ပို့သည့် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်ပြီး ထိုလုပ်ငန်းများက လုပ်သားအင်အား အများအပြားအား ခန့်ထားလုပ်ကိုင်နိုင်ခဲ့သည်။