U-22 တွင် သက်ကျော် ကစားသမားမရှိဟု အားကစားအဖွဲ့ချုပ်ငြင်းဆို

U-22 တွင် သက်ကျော် ကစားသမားမရှိဟု အားကစားအဖွဲ့ချုပ်ငြင်းဆို
by -
မဇ္စျိမ

အသက် ၂၂ နှစ်အောက် အာရှ U-22 ခြေစစ်ပွဲတွင် မြန်မာအားကစားသမားများတွင် အသက်ကျော်လွန်သူများ ရှိနေသည်ဟူသည် ပြောဆိုရေးသားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးမှ ငြင်းဆိုလိုက်ပြီး ရင်ဆိုင်ရန် အသင့်ရှိသည်ဟု မဇ္ဈိမကို ပြောသည်။

MFF
"ကျနော်တို့ အခုလို အောင်မြင်မှုရလာမှ ကျနော်တို့ကို တနည်းတဖုံနဲ့ ဒီလိုနှောက်ယှက်ဖို့ ကြိုးစားတာကတော့ ကျနော် တို့ အမှန်တရားအတိုင်း ရင်ဆိုင်ဖို့အသင့်ပဲ။ ကျနော်တို့ဘာမှ Twist (လိမ်လည်မှု) လုပ်ထားတာ မရှိဘူး။ အဲဒီအတွက် ကျနော်တို့ ဘာမှ အိပ်မပျော်စရာအကြောင်း မရှိဘူး။" ဟု ဦးစိုးမိုးက ပြောသည်။

မလေးရှားနိုင်ငံ အခြေစိုက် New Straits Times အွန်လိုင်း သတင်းစာမျက်နှာတွင် မလေးရှားဘက်သို့ နှစ်ဂိုး သွင်းယူ ပေးခဲ့သူ ကောင်းစည်သူ အပါအဝင် မြန်မာအားကစားသမား အနည်းဆုံး ရှစ်ဦးခန့်သည် အသက် ကျော်လွန်နေကြ သူများဟု ယုံကြည်ရကြောင်း ဇူလိုင်လ ၅ ရက်နေ့က ရေးသားထားသည်။

MFFသို့သော် ဦးစိုးမိုးက မိမိတို့ အားကစားသမားများမှာ အသက်ကျော်လွန်ခြင်း မရှိဘဲ အာရှဘောလုံးအဖွဲ့ချုပ် AFC မှ ထုတ်ပေးထားသည့် ကစားသမား မှတ်ပုံတင်ကဒ်များဖြင့် အထောက်အထားပြည့်စုံစွာ ကစားခဲ့ကြ သူများ ဖြစ်ခြင်း ကြောင့် ထိုစွပ်စွဲမှုများနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိဟု မဇ္ဈိမကို ပြောသည်။

"ကျနော်တို့ မှန်ကန်တဲ့ အထောက်အထားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကျနော်တို့ ဘာမှ ကြောက်စရာ အကြောင်း မရှိဘူး။  AFC က တရားဝင် မှတ်ပုံတင်ထားတဲ့ Player ID Card နဲ့ ကျနော်တို့ ကစားထားတာ။ အဲဒီအတွက် ဘာမှ စိုးရိမ်စရာမရှိဘူး။" ဟု ဦးစိုးမိုးက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှစတင်၍ U-22 ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာသည် တောင်ကိုရီး ယားကို ဂိုးမရှိ သရေ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ မလေးရှား တို့ကိုအနိုင်ယူပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အာရှ U-22 ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည်။

ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ U-22 အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ညစာစားပွဲဖြင့် ဂုဏ်ပြုခဲ့ပြီး အသင်းအား အမေရိကန်ဒေါ်လာ နှစ်သိန်း ဆုချမည်ဟု ညစာစားပွဲတွင်ထုတ် ဖေါ်ပြောဆိုခဲ့သည်ဟု သိရသည်။

အသက် ၂၂ အောက် အာရှဖလား ပြိုင်ပွဲကို လာမည့် ၂၀၁၄ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန် ထိုင်းနိုင်ငံနှင့် အိုမန်နိုင်ငံတို့မှ အာရှဖလား အဖွဲ့ချုပ်တို့က လျှောက်ထားပြီး၊ မြန်မာနိုင်ငံ ကလည်း ကျင်းပခွင့်ရနိုင်ရန် လျှောက်ထားမည်ဟုသိရသည်။