မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မိုးလုံလေလုံ ဘောလုံးကွင်းအနီးတွင် သောကြာနေ့ ညနေ ၆ နာရီကျော်ခန့်က ဗုံးတလုံး ပေါက်ကွဲခဲ့၍ လူတဦး သေဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။
“အားကစားကွင်းဘေးနားက လဝက ရုံး ဝင်လာတဲ့လမ်းကြားမှာ ရှိတဲ့ အမှိုက်ပုံးကနေ ပေါက်ကွဲလာတယ်လို့ ပြော တယ်။ သေတဲ့လူလည်း ရှိတယ်။ သုံးလေးယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ အသေးစိတ်တော့ မသိဘူး” ဟု ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
အခြားမြစ်ကြီးနားမြို့ခံ မျက်မြင်တဦးကလည်း “၆ နာရီ ၁၀ မိနစ်လောက်က ဘောလုံးကွင်းရဲ့ ဆိုင်ကယ်စ တင်းမှာလို့ ပြောတယ်။ ဆိုင်ကယ်မှာ ထောင်ထားသလိုလို ပြောနေတယ်။ လူတယောက် သေတယ်။ ခါးပြတ် သွားတယ်” ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။
ဘောလုံးကွင်းတွင် စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်များ ဘောလုံးပြိုင်ပွဲလည်း ရှိနေသဖြင့် ဆိုင်ကယ်ထား သည့်နေရာတွင် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
အမှတ်(၁) ရဲစခန်းမှ တာဝန်ရှိသူတဦးကမူ ဗုံးပေါက်ကွဲမှုမှာ မြစ်ကြီးနားမြို့ လူဝင်မှုကြီးကြပ်ရေးရုံး လဝက ရုံးလမ်းကြား တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး သေဆုံးမှုများ ရှိပြီး အသေးစိတ်ကို သွားရောက် စုံစမ်းနေဆဲ ဖြစ်သည်ဟု တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
“ဗုံးကွဲတာတော့ ဟုတ်ပါတယ်။ အသေးစိတ် မသိသေးဘူး။ တာဝန်မှူး သွားနေတယ်။ ပြန်မလာသေးဘူး။ လဝက လမ်းမှာ ဖြစ်တာ” ဟု မြစ်ကြီးနားမြို့ရှိ ပြောသည်။
ပြည်နယ်အာဏာပိုင်များက ဖောက်ခွဲမှုနှင့် ပတ်သက်၍ မေလမှ စတင်၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လက်ရှိ အနည်းဆုံး လူ ၁၀ ဦးကျော် အမှုရင်ဆိုင်နေရသည်ဟု သိရသည်။