ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်

ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်
by -
မဇ္ဈိမ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။

htwal

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်း တရပ်တွင် ပါရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့်ကျောက်မီး သွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထားဝယ်စီမံကိန်းအတွက် အထူးအခွင့်အရေးများ ရရှိခဲ့သော ITD အနေဖြင့် သံမဏိစက်ရုံတည်ဆောက် ရန်အတွက် ထားဝယ်တွင် မြေရောင်းစာချုပ်တခုကို ဇူလိုင်လမတိုင်မီ ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ကုမ္ပဏီဥက္ကဋ္ဌ Premchai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd  နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ် တွင် ရ၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။

Most read this week