မုတ္တမ သဘာဝဓါတ်ငွေ့ ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ

မုတ္တမ သဘာဝဓါတ်ငွေ့ ဝယ်ခွင့် ထိုင်းကုမ္ပဏီ PTTEP ထပ်ရ
by -
ကိုဝိုင်း

နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် မုတ္တမပင်လယ်မှ ထပ်မံတွေ့ရှိ သော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်း ရန် ထိုင်းနိုင်ငံက မြန်မာနှင့် လာမည့်နှစ်ဆန်းတွင် စာချုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန် က ပြောသည်။

ချင်းမိုင် (မဇ္စျိမ) ။        ။ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ တွင် ပဏာမ ဆွေးနွေးခဲ့သည့် မုတ္တမပင်လယ်မှ ထပ်မံတွေ့ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူတင်သွင်းရန် ထိုင်းနိုင်ငံက မြန်မာနှင့်လာမည့်နှစ်ဆန်း တွင် စာချုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန် က ပြောသည်။

မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M3 မှ ထွက်သည့် သဘာဝဓာတ်ငွေ့ ဝယ်ယူတင်သွင်းရန် ၂ဝ၁၂ ခု ဇန်နဝါရီ ၅-၆ ရက်တွင် စာချုပ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

“မြန်မာစွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က ဖုန်းနဲ့ အကြောင်းကြားလာတယ်။ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က လက်မှတ်ထိုးရမှာပါ” ဟု မစ္စတာဆူရာဖုံ ပြောကြားကြောင်း အင်္ဂါနေ့ထုတ် The Nation က ဖော်ပြသည်။

နေပြည်တော်၌ ကျင်းပခဲ့သော မဲခေါင်မြစ်ဝှမ်းနိုင်ငံများ လေးကြိမ်မြောက် အစည်းအဝေးရက် အတွင်း ဒီဇင်ဘာ ၂ဝ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးတို့နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ ထိုင်းစွမ်းအင်ဝန်ကြီး ဖီချိုင်း နာရစ်ဖထာဖန်တို့တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ် သည်။

ထို့ပြင် PTTEP က ဧရာဝတီမြစ်ကြောင်းတလျှောက် ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ် ၁၈ ကွက်မှ နှစ်ကွက်ကိုလည်း ရှာဖွေရေးလုပ်ကိုင်ခွင့် ရရှိကြောင်း ဝန်ကြီး ဦးသန်းဌေး ကအတည်ပြုခဲ့ သည်ဟု ထိုင်းစွမ်းအင်ဝန်ကြီးက တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနကို ဗုဒ္ဓဟူးနေ့ ကထုတ်ဖော်ပြောဆို သည်။

မြန်မာကမ်းလွန်ရေနံလုပ်ကွက်အမှတ် M-3 တွင် သဘာဝဓာတ်ငွေ့ရှာဖွေရန် စမ်းအင်ဝန်ကြီးဌာနမြန်မာ့ ရေနံနှင့် သဘာဝလုပ်ငန်းနှင့် ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီ PTTEP တို့ ၂ဝဝ၄ ခု သြဂုတ်လ တွင်လက်မှတ် ထိုးခဲ့သည်။

ယင်းလုပ်ကွက်အတွင်း ရှာဖွေရေးတွင်းအမှတ် အောင်သိင်္ခ-၂ မှ သဘာဝဓာတ်ငွေ့ တနေ့လျင် ကုဗပေ ၂၅.၈ သန်းနှင့် ရေနံစိမ်း ၁၅၄ စည် ထွက်မည်ဖြစ်ကြောင်း ၂ဝ၁၁ မေလက တရားဝင် ထုတ်ပြန်ခဲ့သည်။

အောင်သိင်္ခ-၂ မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းပါ ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်း တလျှောက် ပိုက်လိုင်း များဖြင့် ထိုင်းနိုင်သို့ တင်သွင်းဖွယ်ရှိသည်။

ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP က မုတ္တမပင်လယ်ထဲတွင် ရတနာနှင့် ရဲတံခွန် စီမံကိန်းများမှသဘာဝ ဓာတ်ငွေ့ တင်သွင်းနေသည်မှာ ၁ဝ နှစ်ကျော်ပြီ ဖြစ်သည်။ ထို့ပြင် လုပ်ကွက်အမှတ် M-9၊ M-11၊ M-7 တို့တွင်လည်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၈ နှစ်ခန့် ရှိပြီဖြစ် ကြောင်းထုတ်ပြန်ထား သည်။

Most read this week