ဓါတု သိုလှောင်ရုံ ပေါက်ကွဲမှု လူ ၂၃ ဦးသေဆုံး

ဓါတု သိုလှောင်ရုံ ပေါက်ကွဲမှု လူ ၂၃ ဦးသေဆုံး
by -
မဇ္စျိမသတင်းဌာန

ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ဓါတုပစ္စည်းများ သို လှောင်ထားသော ကုန်လှောင်ရုံတခုတွင်ကြာသ ပတေးနေ့နံနက် အစောပိုင်းကပေါက်ကွဲမှုဖြစ် ပွားရာ သေဆုံးသူ ၂၃ ဦးအထိရှိသွားပြီဖြစ် သည်။

မဇ္ဈိမသတင်းဌာန ။       ။ ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ဓါတုပစ္စည်းများ သိုလှောင်ထားသော ကုန်လှောင် ရုံတခုတွင် ကြာသပတေးနေ့နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူ ၂၃ ဦးအထိ ရှိသွားပြီဖြစ်သည်။

ပေါက်ကွဲမှုနှင့် မီးလောင်မှုက လူ ရဝ ကျော်ဒဏ်ရာရသွားကာ လူနေအိမ်အများစုပါဝင်သောအဆောက် အဦး ၁ဝဝ ခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ မီးသတ်သမားငါးယောက် သည်လည်း သေဆုံး သည့်အထဲ ပါဝင်သည်။

နံနက် ၂ နာရီတွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြီး ပထမဆုံးဖြစ်ပြီးနောက် အသေးစားပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကာ မီးလောင်မှုက ပတ်ဝန်းကျင် လူနေအိမ်များကိုပါ ကူးစက်ခဲ့ခြင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဆိုသော ဂိုဒေါင် ၁၆ လုံး ပျက်စီးခဲ့သည်။ ဂိုဒေါင်တခုတွင် သင်္ဘောဆေးနှင့် အမိုးနီးယား၊ ဆာလ်ဖြူရစ်အက်ဆစ်တို့ ပါဝင်သော ဓါတုပစ္စည်းများသိုလှောင်ထား ခြင်းသည် ပေါက်ကွဲမှုဖြစ်ရခြင်း၏ အကြောင်းရင်းဟု ယုံကြည်ရသည်။

မျက်မြင်သက်သေများက ပြောကြားရာတွင် ပေါက်ကွဲမှုကြောင့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများလွင့်စင် ထွက်ခဲ့ သည်ဟု ဆိုသည်။ ဂိုဒေါင်အနီး နေထိုင်သူများအဆိုအရ ဂိုဒေါင်တွင် ညစောင့်အိပ်သော မိသားစုရှိခဲ့ပြီးပေါက်ကွဲမှုကြောင့် သေဆုံးရာတွင် ပါဝင်လိမ့်မည်ဟု ယုံကြည်ရသည်။

မီးသတ်ကားနှစ်စီးလည်း ပျက်စီးသွားခဲ့ပြီး ကူးတို့ဆိပ်တွင် ကျောက်ချထားသော မော်တော်နှစ်စီးလည်း ဝမ်းဗိုက်ပေါက်ကွဲ နစ်မြုပ်သွားခဲ့သည်။

နံနက် ၁ နာရီ ၄ဝ မိနစ်ခန့်တွင် ဂိုဒေါင်တခုတွင် မီးလောင်မှု စတင်ဖြစ်ပွားရာ မီးလောင်ရာသို့ လာရောက်
ကြည့်ရှုသူ နှစ်ဦး ပေါက်ကွဲမှုမှ လွင့်ပျံထွက်လာသော ကျောက်ခဲများ ထိမှန်၍ သေဆုံးသည့်အထဲ ပါဝင် သည်။ ထိုအခါကျမှ ထောင်နှင့်ချီသော လူအုပ်စုကြီးလည်း နောက်ထပ်ပေါက်ကွဲမှုများဖြစ်လာမည်ကို စိုးရိမ်လာကာ မီးနှင့်ဝေးရာဘက်သို့ ထွက်ပြေးခဲ့ကြသည်။

"ဝရုန်းသုန်းကားပဲ၊ ကျနော်တို့အားလုံးပြေးနေကြတာ။" ဟု သွားရောက်ကြည့်ရှုခဲ့သူ တယောက်က မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။ အခင်းဖြစ်ပွားရာနေရာနှင့် "ကိုက် ၄ဝဝ၊ ၅ဝဝ အကွာမှာရှိတဲ့ အေဘီစီလမ်းမကြီးပေါ်မှာ ကျောက်ခဲတွေ ပြန့်ကျဲနေတာ မြင်မကောင်းဘူး" ဟုလည်း မြင်တွေ့ရသူတဦးက ပြောသည်။

နောက်ထပ် ဒေသခံတဦးကတော့ ကျောက်ခဲများနှင့် အပျက်အစီးများကြောင့် လူအများဒဏ်ရာရသွား သည်ဟု ဆိုကာ "သွေးသံရဲရဲနဲ့ လူတွေ ပြေးလွှားနေကြတာ" ဟုဆိုသည်။

ကူးတို့ဆိပ်ရပ်ကွက်တွင် လူနေအိမ် ရဝ ကျော်နှင့် အာရုဏ်ဦးရပ်ကွက်တွင် နေအိမ်အနည်းငယ်ပြိုကျ ပျက်စီးသွား ခဲ့သည်။ နံနက် ၂ နာရီထိုးပေါက်ကွဲမှုကြီးက ရန်ကုန်တိုင်း မြို့နယ်အတော်များများမှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတကျောင်းကို ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားပြီးစေတနာ့ဝန်ထမ်းများနှင့် ကြက်ခြေနီများက အကူညီပေးလျက်ရှိသည်။

Most read this week