ကရင်ပြည်နယ်ကိုု ပြည်ထောင်စုုအတွင်းခွဲ ခွဲမထွက်ရန် အပါအဝင် အစိုုးရနှင့် တိုုးတက် သောဗုုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် အဖွဲ့ကွဲတခုတိုု့ပမာဏ ငြိမ်းချမ်းရေး တည်ဆောက်မှု သဘောတူညီချက်ကိုု ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် လက်မှတ်ရေးထုုိးခဲ့ကြသည်ဟုု နိုုင်ငံပိုုင် ရုုပ်မြင်သံကြားက ကြေညာသွားသည်။
ရန်ကုုန် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်ကိုု ပြည်ထောင်စုုအတွင်းခွဲ ခွဲမထွက်ရန် အပါအဝင် အစိုုးရနှင့် တိုုးတက်သော ဗုုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖွဲ့ကွဲတခုတိုု့ ပမာဏငြိမ်းချမ်းရေးတည် ဆောက်မှုသဘောတူညီချက်ကိုု ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင်လက်မှတ်ရေး ထုုိးခဲ့ကြသည်ဟုု နိုုင်ငံပိုုင် ရုုပ်မြင်သံကြားက ကြေညာသွားသည်။
ပြည်ထောင်စုုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးသော အဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းဦးဆောင်သော အဖွဲ့ဝင် ရ ဦးနှင့် ကလိုုထူးဖောမှှ ဦးစောနန်းဖွယ်ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတိုု့ ဘားအံမြို့တွင် နိုုဝင်ဘာ ၃ ရက်နေ့က ပြုလုုပ်သော ပြည်နယ်အဆင့် ပမာဏဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်များကိုု အခြေခံပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံဆွေးနွေးရာကသဘောတူ လက်မှတ်ရေးထိုးနိုုင်ခြင်းဖြစ်သည်ဟု မြန်မာ့ရုုပ်မြင်သံကြား၏ သတင်းတရပ်တွင် ပါရှိသည်။
”ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖိုု့ ဆက်ဆွေးနွေးသွားရန် သဘောတူကြပြီး ကရင်ပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏အရေးပါသောအစိတ်အပိုင်းတခုဖြစ်သည်.ကရင်ပြည်နယ်ကိုပြည်ထောင်စုအတွင်းမှ မည်သည့်အခါမှ ခွဲမထွက်ရန် သဘောတူသည်” ဟုု စာချုပ်၏ အချက်အရ သိရသည်။
ကရင်အဖွဲ့၏ ယာယီအခြေပြုဒေသ နယ်မြေဖွ့ံဖြိုးတိုုးတက်ရေးနှင့် အဖွဲ့ဝင်များ လူနေမှုဘဝမြှင့်တင်နိုုင်ရန် အလုုပ်အကိုုင်နှင့် အထောက်အပံ့များပေးရေးတိုု့လည်း သဘောတူထားကြသည်။
ထိုု့အပြင် ကလိုုထူးဖောအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတိုုက်ဖျက်ရေးလုုပ်ငန်းကိုု ဗဟိုုအစိုုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူလိုုက်ကြသည်။