လာမည့် ရွေးကောက်ပွဲများ NLD ဝင်ပြိုင်မည်

လာမည့် ရွေးကောက်ပွဲများ NLD ဝင်ပြိုင်မည်
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က နောင်လာမည့် ရွေးကောက်ပွဲ များတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟုသောကြာနေ့ တွင် ကျင်းပသော ဗဟိုဦးစီးကော်မတီအစည်း အဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

တိုင်းနှင့်ပြည်နယ် ရုံးခွဲများမှ  ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးလုံးက ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးကြပြီး အသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ မှတ်ပုံတင်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်။ အဲဒါကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာ လိုက်ပါတယ်။” ဟု ဦးအုန်းကြိုင်က ပြောသည်။

nldmettingပါတီအနေဖြင့် ယတိပြတ် မပြောနိုင်သေးသော်လည်း လစ်လပ်နေသော မဲဆန္ဒနယ် အကုန်လုံး သို့မဟုတ် အများစု ကို ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။

ပြည်နယ်/တိုင်း တခုကို နှစ်ဦးကျ ဆွေးနွေးခွင့်ပြုထားသော်လည်း သဘောထားတူသဖြင့် တဦးစီသာ ဆွေးနွေးပြီး အားလုံးက မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြပြီး ကန့်ကွက်သူ မရှိဟု ဆိုသည်။

“နောက်ဆုံးကျတော့ စီအီးစီ (ဗဟိုဦးစီးကော်မတီ) ကနေပြီးတော့ အများသဘောတူ ဒီဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ကြောင်း မူကြမ်း ရေးလိုက်တာပေါ့ဗျာ။ ပြီးတော့ အများသဘောဆန္ဒ ယူလိုက်တာပေါ့။ အားလုံးက အသံနဲ့ပဲ သဘောတူကြောင်း ဆုံးဖြတ်လိုက်ကြတယ်။”ဟု ပြောသည်။

တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၁၆ ဦးမှ ၁၀၆ ဦးတက်ရောက်ပြီး ကျန်းမာရေး မကောင်းသူ သုံးဦး၊
ထောင်ကျခံရဆဲဖြစ်သော ဒေါ်ဝင်းမြမြ၊ ဦးညီပု၊ ဒေါက်တာတင်မင်းထွဋ် အပါအဝင် ခြောက်ဦး၊ ခရီးလွန်နေသူတဦး စုစုပေါင်း ၁၀ ဦး ပျက်ကွက်သည်ဟု ဆိုသည်။

Most read this week