နယူးဒေလီ(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်မြောက် စွန်းအနီး ဖြတ်သန်း တိုက်ခက်ခဲ့သည့် O2Bမုန်တိုင်း အရှိန်ကြောင့်စစ်တွေမြို့ အတွင်းလေဆင် နှာ မောင်း တိုက်ခက်ခဲ့ကာ စာသင်ကျောင်း နှစ် ကျောင်းနှင့် စစ်တွေမြို့စျေးကြီးမှ ဆိုင်ခန်းတချို့ ပျက်စီးခဲ့သည်။
ကြာသပတေးနေ့က ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် မြန်မာပြည်သားများမှာ ၎င်းတို့ နိုင်ငံအတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ခိုလှုံရန် ရောက်ရှိလာကြခြင်း ဖြစ်၍ ယခု ပြန်ပို့မည့် အစီအစဉ်အား လွန်စွာစိုးရိမ်ကြောင်း ဦးစွာဖော်ပြထားသည်။
“ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူများအား မြန်မာပြည် ပြန်လျှင် နှိပ်စက် ညှဉ်းပမ်းမှုများမှ ကာကွယ် ထားရှိမှုသေချာစေရန် ထိရောက်သည့် စနစ်တခု မရှိမချင်း လဲလှယ်ရေး အစီအစဉ်အား ဆိုင်းငံ့ထားရန် တောင်းဆိုလိုက် သည်” ဟု ကြေညာချက်တွင် ပါရှိသည်။
မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein က ပြန်ပို့မည့် အထိန်းသိမ်းခံတထောင် ထဲ တွင် ခိုလှုံခွင့်လျှောက် ထားသူများနှင့် ဒုက္ခသည်များ မပါဝင်ကြောင်း အင်္ဂါနေ့တွင်သတင်းထောက်များ အား ပြောကြားထားသည်။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၃ ခုထဲတွင် မြန်မာနိုင်ငံသား သုံးထောင်ခန့် ရှိနိုင်ကြောင်း Burma Campaign – Malaysia က ခန့်မှန်းထားသည်။
ထိန်းသိမ်းရေးစခန်းများတွင် ချင်းလူမျိုး နှစ်ရာခန့်ရှိပြီး ပြန်ပို့မည့်အစီအစဉ်ထဲ မည်မျှပါဝင်မည်ကိုမသိရှိနိုင် သေးကြောင်း ချင်းဒုက္ခသည်ကော်မတီ CRC မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုဟင်နရီက မဇ္စျိမကို ပြောသည်။
“UNHCR card ကိုင်တဲ့သူတွေ၊ မကိုင်တဲ့သူတွေ၊ Passport သက်တမ်းကုန်သွားသူတွေ အကုန်ရှိတယ်။ တချို့တွေ က UNHCR card ကိုင်ထားတယ်။ ပြန်ပို့မယ့်အထဲ သူတို့ ပါမပါ ခွဲခြားမသိဘူးဖြစ်နေတယ်။ အကုန်ပို့မယ် ဆိုရင်တော့ အဲဒီလူတွေပါ ပါသွားမှာပေါ့” ဟု သူကပြောသည်။
ထိန်းသိမ်းရေး စခန်းများသို့ သွားရောက် စုံစမ်းမေးမြန်းရန် မလွယ်ကူလှဘဲ အထိန်းသိမ်းခံများလည်း စခန်း အပြောင်းအလဲ မကြာခဏရှိတတ်ကြောင်း ကိုဟင်နရီက ဆိုသည်။
မလေးရှား NGO တခုဖြစ်သည့် Suaram အဖွဲ့ကလည်း ဤပြန်ပို့ရေးအစီအစဉ်မှာ မြန်မာပြည်သားအချို့အား “အသက် အန္တရာယ် ကျရောက်ဖွယ်ရှိသည့်” တိုင်းပြည် တပြည်သို့ တင်းအကြပ် ပြန်ပို့တဲ့သဘော ဖြစ်ကြောင်း
ဝေဖန်သည်။
ထို့ပြင် “မလေးရှားအစိုးရအနေဖြင့် ဒေသတွင်းရှိ ဒီမိုကရေစီမကျပြီး ရက်စက်ကြမ်းကြုတ်သည့် အစိုးရ တရပ်အား အလွန်အကျွံအသိအမှတ်ပြုပေးနေခြင်း” ဟု Suaram ကြေညာချက်တွင် ပါရှိသည်။
ပြန်ပို့ရေးအစီအစဉ်တွင် ပါဝင်သူတို့၏ စရိတ်စကများအား မည်သူက တာဝန်ယူရမည်ကိုလည်း ရှင်းလင်းစွာ မသိရသေးသကဲ့သို့ လုံခြံုရေးအာမခံချက်လည်း မရှိသည့်အတွက် သဘောမတူနိုင်ကြောင်း ကိုဟင်နရီက “ဒီလူတွေကို ပြန်ပို့ရင်တော့ ဟိုမှာ ဒုက္ခကြံုရမှာ သေချာတယ်။ လက်ရှိအစိုးရရဲ့ လုံခြံုရေးကဏ္ဍကို မှန်းဆလို့ မရဘူး။ ဒီကိစ္စကို ကျနော်တို့ သိပ်သဘောမတူဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံအစိုးရကို မယုံဘူး” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ဒုတိယအများဆုံး နိုင်ငံခြားသားအဖြစ် မြန်မာနိုင်ငံသား ၅ သိန်းခန့် နေထိုင်ကြပြီးအများစု မှာ ချင်းနှင့် ကရင်လူမျိုးစုများ ဖြစ်ကြသည်။