နယူးဒေလီ (မဇ္စျိမ) ။ ။ စာရေးဆရာကြီး နန္ဒသိန်းဇံ (အသက် ၆၅ နှစ်) သည်တနင်္ဂနွေနေ့့ ည ရ နာရီ ၁၅ မိနစ်တွင်ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်အထိ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿာန်တွင် ကြာသာပတေးနေ့၌ ဂူသွင်း သဂြိုင်္ဟ်မည်ဖြစ်သည်။
“မြန်မာ့စာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ် စာပေတွေ၊ ဒဿနစာပေတွေ မြန်မာ့အတွေးအခေါ်ပေါ့ တော်တော်ကြီးကို ရေးနိုင်တဲ့စာရေးဆရာပါ။ ဆရာရဲ့ စာပေတွေဟာ ၁၉၈၀ နှစ်များနဲ့ ၉၀ နှစ်များမှာဆိုရင် လူငယ်တွေကို တော်တော်လေး လွှမ်းမိုးနိုင်ခဲ့တယ်” ဟု ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာ မောင်ဝံသက ပြောသည်။
စာရေးဆရာကြီး နန္ဒသိန်းဇံငယ်အမည်ရင်း “သိန်းဇံ” ဖြင့်ပင်ရေးသားသော ၁၉၆၃ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်း (အတွဲ - ၁၊ အမှတ် - ၄) တွင် “မှတ်ဉာဏ်နှင့် အတွေးအခေါ်” ဆောင်းပါးမှာပုံုနှိပ်ဖော်ပြ ခြင်းခံရသည်။
မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းကိုု ''ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ'' အမည်ဖြင့် ၁၉၆၉ ခုုနှစ်တွင် လုံုးချင်းအဖြစ် ထုုတ်ဝေခဲ့သည်။ ကလောင်အမည်တူ ရှိနေသည့်အတွက် နောက်ပိုုင်းတွင် “နန္ဒသိန်းဇံ”ဟု ပြောင်းလဲခံယူခဲ့ပြီး ဘဝဒဿနများနှင့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို ကွယ်လွန်ချိန်အထိ ရေးသားခဲ့သည်။
“ဆရာက ဟောတာ၊ ပြောတာမှာလည်း ကောင်းတယ်။ ဟောတဲ့နေရာမှာလည်း ပုံပြင်လေးတွေနဲ့ လူတွေ နားလည်အောင် သဘောပေါက်အောင်လို့ ပြောပြတတ်တယ်။ စိတ်သဘောထားလည်းအင်မတန်ကောင်း တယ်။ နူးညံ့တယ်။ ဘယ်သူ့ကိုမှလည်း ဆရာလုပ်တာတို့ ရန်လိုတာတို့ လုပ်တာမကြားဖူးဘူး”ဟုမောင်ဝံသ က ပြောသည်။
ကွယ်လွန်ချိန်အထိ စာအုပ် နှစ်ဆယ်ခန့် ရေးသားခဲ့ကာ ဆောင်းပါးရာနှင့်ချီ၍ ရေးသားခဲ့ကာ ယင်းတို့ထဲမှ “ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ”၊ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”၊ “မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွား ခြင်း” တိုု့မှာ လူကြိုက်များသော စာအုုပ်များဖြစ်သည်။ “ခရောင်းလမ်းကိုု ဖြတ်ကျော်ခြင်း” မှာ ၁၉၇၈ ခုုနှစ် သြဂုုတ်လ ၁၉ ရက်နေ့တွင် လုုပ်သားများကောလိပ် ဒဿနိကဗေဒအသင်း၌ ဟောပြောခဲ့သော“ဘဝခရီး အတွက် အတွေးအမြင်များ” ကိုု ပြန်လည်ထုုတ်ဝေခြင်းဖြစ်သည်။
ဆရာကြီး နန္ဒသိန်းဇံကို အဖ ဦးညီကွန်းနှင့် အမိ ဒေါ်ဟန်တင်တို့မှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ သောကြာနေ့တွင် ပဲခူးတိုင်း ပေါင်းတည်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက်အငယ်ဆုံးဖြစ် သည်။
၁၉၆၂ ခုနှစ်တွင် ဖြေဆိုသည့် အထက်တန်း စာမေးပွဲ၌ ပဲခူးတိုင်းတတိုင်းလုံးတွင် ပထမရခဲ့သည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒ အထူးပြုဖြင့် ပညာသင်ယူခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ဒဿနိက ၀ိဇ္ဇာတန်း အောင်မြင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် မဟာဝိဇ္ဇာတန်း အောင်မြင်ခဲ့သည်။
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် ၁၉၇၀ ခုနှစ် မေလတွင်စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်၊ ထားဝယ် ကောလိပ်နှင့်ပုသိမ်ဒီဂရီကောလိပ်တို့ တွင်လည်း ဒဿနိကဗေဒ နည်းပြဆရာ၊ ဌာနမှူးနှင့် ကထိက တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၈၀ တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာန၌ လက်ထောက်ကထိက ဖြစ်လာခဲ့ပြီး ၁၉၈၈ တွင်ကထိက အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ပါမောက္ခ ဖြစ်လာခဲ့ပြီး ကွယ်လွန်ချိန်အထိ အမှုထမ်းခဲ့သည်။
စစ်အစိုးရက ဆရာကြီးအား ၂၀၀၄ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ပေး အပ်ခဲ့သည်။
ဆရာကြီးတွင် သားသမီးမထွန်းကားခဲ့သည့်အတွက် ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မာမာနှင့် တူ၊ တူမများ ကျန်ရစ်ခဲ့သည်။