အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၁၇ ဦးလည်း အစာငတ်ခံ ဆန္ဒပြ

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၁၇ ဦးလည်း အစာငတ်ခံ ဆန္ဒပြ
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့အင်းစိန်ထောင် အတွင်း အမျိုးသမီးအချို့အစာငတ်ခံဆန္ဒပြနေချိန် တွင် အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၇ ဦး လည်း တနင်္ဂနွေနေ့မှစတင်၍ဆန္ဒပြလာကြသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP-B ၏ အတွင်းရေးမှူးဦးတိတ်နိုင် က ပြောသည်။

သန့်ရှင်းသော အစားအသောက်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ စာပေနှင့် ဘာသာစကား  လေ့လာခွင့်ပြုရေး တို့အပါအဝင် တောင်းဆိုချက် ၆ ခုကို ဆန္ဒပြသူ အကျဉ်းသားများက တောင်းဆိုထားကြောင်း ထိုင်းနယ်စပ်အခြေစိုက် AAPP-B ၏ မေလ ၂၁ ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေး အကျဉ်းသားများ၏ တောင်းဆိုချက် ၆ ချက်

၁    ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိရေး
၂    အစားအသောက် အသုံးအဆောင်များ အပြည့်အဝ ခံစားရရှိရေး
၃    မိသားစုနှင့် လွတ်လပ်စွာ စကားပြောခွင့် တယ်လီဖုန်းဆက်သွယ်ခွင့်ပြုရေး
၄    တရားဝင် ထုတ်ဝေထားသော မည်သည့် စာအုပ်စာတမ်းကိုမဆို လွတ်လပ်စွာ ဖတ်ခွင့်ရရေး
၅    ရေဒီယို၊ ရုပ်မြင်သံကြား (ပြည်တွင်း/ပြည်ပ) ဒေသတွင်းနှင့် နိုင်ငံတကာမှ ထုတ်လွှင့်သော ဂြိုဟ်တု စလောင်း/ ရုပ်သံလိုင်းများကို လွတ်လပ်စွာ ကြည့်ရှု နားထောင်ခွင့်ရရေး
၆    အကျဉ်းထောင် လက်စွဲဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များအားလုံး အပြည့်အဝ ရရှိရေး တို့ဖြစ်သည်။

ထုံးစံအတိုင်းပင် အာဏာပိုင်များက  ထောင်တွင်းဆန္ဒပြမှုကို သတင်းအမှောင်ချထားပြီးမဇ္ဈိမကအကျဉ်းဦးစီး ဌာန သို့ ထုံးစံအတိုင်းပင် အာဏာပိုင်များက  ထောင်တွင်းဆန္ဒပြမှုကိုသတင်းအမှောင်ချထားပြီး မဇ္ဈိမကအကျဉ်း ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖြေကြားရန် ငြင်းဆိုကြသည်။

နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်က အစာငတ်ခံ ဆန္ဒပြနေပြီး ကျန် ၅ ယောက်မှာ ထောင်အခန်းတွင်းမှ မထွက်ဘဲ ဆန္ဒပြနေသည်ဟု ဦးတိတ်နိုင်က ပြောခြင်းဖြစ်သည်။

ဆန္ဒပြသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ၈၈ မျိုးဆက်
ကျောင်းသားများနှင့် ၂ဝဝ၇စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်း အကျဉ်းကျခံရသည့်သံဃာတော် များ စသည့်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ ပါဝင်သည်ဟု သူက ပြောသည်။

မေလ ၁၇ ရက်နေ့မှစ၍ အင်းစိန်ထောင် အမှတ် ရ အဆောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသား ၄ဦးအပါ အဝင် အမျိုးသမီး ရ ဦးလည်း အစာငတ်ခံဆန္ဒပြနေသည်ဟု AAPP-B က ထုတ်ပြန်ခဲ့သည်။သို့သော်ဆန္ဒပြသူ များ ၏ ကျန်းမာရေးအနေအထားကိုမူ မသိရပေ။

အလားတူပင် ကလေးထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်း သန့်ရှင်းသောအစားအသောက် နှင့် ဆေးကုသခွင့် ရရှိရေးအပါအဝင် တောင်းဆိုချက်များကို ပြည်ထဲရေးဝန်ကြီး ဦးကိုကိုထံ မေလ ၁၁ ရက်နေ့က စာရေးသားတောင်းဆိုကြသည်ဟု မဇ္ဈိမက လက်ခံရရှိထားသော စာမိတ္တူတခုတွင် ပါရှိသည်။

ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည့် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရ၊ရခိုင်ပြည် နယ် ဂွမြို့နယ်မှ ၁၉၉ဝ လွှတ်တော်ကိုယ်စားလှယ် ဦးညီပု၊ ကိုဌေးအောင် (ခေါ်) ကိုအောင်မြတ်၊ ကိုမင်းမင်းထွန်း တို့က တောင်းဆိုစာတွင် လက်မှတ်ရေးထိုးကြသည်။

Most read this week