သင်္ကြန်ကာလ ၆ ဦး သေဆုံး

သင်္ကြန်ကာလ ၆ ဦး သေဆုံး
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာနိုင်ငံတဝှန်း သင်္ကြန်ကာလအတွင်း သေဆုံးသူ ၆ ဦး ရှိခဲ့ ကြောင်း ဧပြီလ ၁၉ ရက် အင်္ဂါနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

လူသတ်မှုကြောင့် ၂ ဦးနှင့် ယာဉ်တိုက်မှုကြောင့် ၄ ဦးဟု ဆိုသည်။

ထို့အပြင် အပျော်လွန်ကဲ၍ စည်းကမ်းလိုက်နာမှု အားနည်းသူများကြောင့် မှုခင်းပေါင်း ၁ဝ၅ မှုအထိ ဖြစ်ပွားခဲ့ရာ လူသတ်မှု ၂ ခု၊ ယာဉ်မတော်တဆမှု ၃၅ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၅၄ မှု၊ ဝတ္တရား နှောင့်ယှက်မှု ၄ မှု၊ မူးယစ်ရမ်းကားမှု ၆ မှု၊ ခါးပိုက်နှိုက်မှု ၃ မှုနှင့် စည်းကမ်းပျက်မှု ၁ မှုဟုလည်း ရေးသားထားသည်။

ဒဏ်ရာရသူ ဦးရေကိုပါ ဆက်လက်ဖော်ပြရာ လူသတ်မှုကြောင့် ၂ ဦး၊ ယာဉ်တိုက်မှု ရ၂ ဦး၊ ခိုက်ရန်ဖြစ်ပွားမှု ရ၁ ဦး၊ ဝတ္တရားနှောင့်ယှက်မှု ၃ ဦးနှင့် မူးယစ်ရမ်းကားမှု ၁ ဦးဟု ဆိုသည်။

ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းမှု ကော်မတီမှ တာဝန်ရှိသူတဦး အဆိုအရ ယာဉ်မတော်တဆမှုများအနက် ရန်ကုန်တမြို့ထဲ၌ပင် ၃ဝ ကျော်ခဲ့ပြီး အကြိုနေ့တွင် ၆ ခု၊ အကျနေ့ ၁ဝ ခု၊ အကြတ်နေ့ ၄ ခုနှင့် အတက်နေ့ ၁၂ ခု ရှိခဲ့ကြောင်း သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ ဖူးခက်မြို့ သင်္ကြန်တွင်လည်း ယာဉ်တိုက်မှုကြောင့် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့ ကြောင်း တနင်္လာနေ့ထုတ် ဖူးခက်ဂေဇက် သတင်းတွင် ဖော်ပြပါရှိခဲ့သည်။