ရန်ကုန်တိုင်း လွှတ်တော်၏ အဌမမြောက်နေ့ အစည်းအဝေးတွင် ရန်ကုန်တိုင်း အစိုးရသစ် အဖွဲ့ဝင် ဝန်ကြီးများ ကျမ်းကျိန်မှု ပြုလုပ်ခဲ့သည်။ ယနေ့ မနက် ၁၁ နာရီက စတင်၍ ၄၅ မိနစ်ကြာ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးမြင့်ဆွေ ...
ရန်ကုန် (မဇ္စျိမ) ။ ။ ရန်ကုန်တိုင်း လွှတ်တော်၏ အဌမမြောက်နေ့ အစည်းအဝေးတွင် ရန်ကုန်တိုင်း အစိုးရသစ် အဖွဲ့ဝင် ဝန်ကြီးများ ကျမ်းကျိန်မှု ပြုလုပ်ခဲ့သည်။
ယနေ့ မနက် ၁၁ နာရီက စတင်၍ ၄၅ မိနစ်ကြာ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးမြင့်ဆွေ (က.စ.ထ မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း) နှင့် အောက်ပါ ဝန်ကြီးများက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
လုံခြံုရေးနှင့် နယ်စပ်ဒေသရေးရာ ဝန်ကြီး - ဦးတင်ဝင်း (ဗိုလ်မှူးကြီး-ငြိမ်း)
စည်ပင်သာယာရေးဝန်ကြီး - ဦးလှမြင့် (သံအမတ်ကြီး-ငြိမ်း)
ပညာရေးဝန်ကြီး - ဦးဉာဏ်ထွန်းဦး
လယ်ယာစိုက်ပျိုးရေးဝန်ကြီး - ဦးစိုးမင်း
စွမ်းအင် နှင့် လျှပ်စစ်ဝန်ကြီး - ဦးကျော်စိုး
ဘဏ္ဍာရေးဝန်ကြီး - ဦးသန်းမြင့်
ပို့ဆောင်ရေးဝန်ကြီး - ဦးအောင်ခင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး - ဒေါ်စန်းစန်းနွယ်
ဟိုတယ်ခရီးနှင့် လူမှုဝန်ထမ်း - ဒေါက်တာမြင့်သိန်း
ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး - ဦးဇော်အေးမောင်
ကရင် တိုင်းရင်းသားရေးရာဝန်ကြီး - ဦးစောထွန်းအောင်မြင့် တို့ကို ခန့်အပ်ကြောင်း ကြေငြာပြီး ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။