အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုု ပြော

အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုု ပြော
by -
မဇ္ဈိမသတင်းဌာန

အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွွှေှက ရွေးကောက်ခံ အစိုးရသစ် ဝန်ကြီးများကို အကြံပေးခဲ့သည်ဟု နေပြည်တော်မှလာသော သတင်းတရပ်က ဆိုသည်။...

ချင်းမိုင် (မဇ္စ္ဈိမ) ။   ။ အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွွှေှက ရွေးကောက်ခံ အစိုးရသစ် ဝန်ကြီးများကို အကြံပေးခဲ့သည်ဟု နေပြည်တော်မှလာသော သတင်းတရပ်က ဆိုသည်။

အသက် ရ၈ နှစ် ရှိ နအဖအကြီးအကဲ၏ နေပြည်တော်ရှိ စစ်ဌာနချုပ်တွင် စနေနေ့့က နှုှတ်ဆက် မိန့့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product - နိုင်ငံ၏ နှစ်စဉ် ထုတ်ကုန်နှင့် ဝန်ဆောင်မှု တန်ဖိုး စုစုပေါင်း) သည် လာအိုနှင့် ကမ္ဘေ္ဘာဒီးယားနိုင်ငံ တို့့ အောက်သို့ပင် နိမ့်ကျနေကြောင်း ပထမဆုံုးအကြိမ် ၀န်ခံမှုပြုသွားပြီး လာဘ်ပေးလာဘ်ယူမှုပပျောက်အောင် လုုပ်ရမည်ဟုု ထဲ့သွင်းပြောဆိုုသွားသည်။

နိုင်ငံတော်သမ္မ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဦးသိန်းစိန်အား အာဏာလွှဲွှပေးမည့် ရက်ကိုမူ ယခုအချိန်အထိ အတိအကျ မထုတ်ပြန်သေးပေ။ ၀န်ကြီးများလိုုအပ်လျှင် လာရောက်တွေ့ဆုံုနိုုင်ကြောင်းလည်း တပ်မတော်နေ့က ညစာစားပွဲအခမ်းအနားတက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သူ ဗိုုလ်ချုပ်မှူးကြီးသန်းရွှေက ဖိတ်ကြားသွားခဲ့သည်။

အစိုးရနှင့် နီးစပ်သော သတင်းတခုက အစိုးရသစ် ဝန်ကြီးအဖွဲ့သည် မတ်လ ၂၉ ရက် အင်္ဂင်္ါနေ့့တွင် ကျမ်းသစ္စ္စာ ကျိန်ဆိုကြမည်ဟု ဆိုသည်။ သို့့သော် အရင်ရက်များက လွွှှတ်တော်အမတ်များက ခန့့်မှန်းရာတွင် အစိုးရအဖွဲ့သစ်သည် ဧပြီလ ပထမ အပတ်ထဲတွင် အာဏာရယူလိမ့်မည်ဟု ဆိုသည်။

Transparency International အဖွဲ့၏ ၂၀၀၉ ခုနှစ် အဂတိလို်က်စားမှှု အညွွှှန်းကိန်း (CPI) တွင် အဂတိလိုက်စားမှှုအမြင့်ဆုံး စာရင်း၌ ဆိုမာလီယာ နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အာဖဂန် နစ္စ္စတန်နှင့်အတူ ပူးတွဲ ဒုတိယ နေရာ၌ ရှိနေသည်။

Most read this week