မြန်မာအစိုးရသစ်ကို အစ္စရေးလ်ရောက်များ လက်မခံ

by -
သဲသဲ

ရွေးကောက်ပွဲက ရွေးချယ်လိုက်သော မြန်မာအစိုးရသစ်ကို လက်မခံကြောင်း တဲလ်အဗစ်မြို့တော် မြန်မာသံရုံးရှေ့့တွင် အင်္ဂါနေ့က အစ္စရေးရောက် မြန်မာများ ဆန္ဒပြခဲ့ကြ ...

နယူးဒေလီ (မဇ္စျိမ) ။       ။ ရွေးကောက်ပွဲက ရွေးချယ်လိုက်သော မြန်မာအစိုးရသစ်ကို လက်မခံကြောင်း တဲလ်အဗစ်မြို့တော် မြန်မာသံရုံးရှေ့့တွင် အင်္ဂါနေ့က အစ္စရေးရောက် မြန်မာများ ဆန္ဒပြခဲ့ကြသည်။

ရွေးကောက်ပွဲက ရွေးချယ်လိုက်သော မြန်မာအစိုးရသစ်ကိုု လက်မခံကြောင်း အစ္စရေးရောက် မြန်မာများ ဆန္ဒပြခဲ့ကြ (ဓါတ်ပုံ မဇ္စျိမ)အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အစိုးရဖြစ်ခြင်းကြောင့် ကန့်ကွက်ရကြောင်း ဆန္ဒပြသူ ၃ဝ ခန့်က ဆိုသည်။

ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်က ကျင်းပရန် စီစဉ်ခဲ့သော်လည်း ရဲဌာန ခွင့်ပြုချက်ကို စောင့်ရသဖြင့် ယနေ့မှ ကျင်းပနိုင်ခြင်း ဖြစ်သည်။

“နိုင်ငံရေး အကျဉ်းသားတွေ  လွှတ်ပေးဖို့ရယ်၊ နအဖရဲ့ လွှတ်တော်ဟာ အတုအယောင် ဖြစ်တာကြောင့် လုံးဝ လက်မခံနိုင်ဘူးဆိုတာ အစ္စရေးလ်လူထု သိအောင် ကျနော်တို့လုပ်တာပါ ” ဟု ဆန္ဒပြပွဲ ဦးဆောင်သည့် Burma Action (Israel) အဖွဲ့မှ ကိုသူရက မဇ္စျိမကို ပြောသည်။

အစ္စရေးလ် အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်နေသဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ထိရောက်စွာ မကူညီဟု ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြပွဲ၌ ပါဝင်သည့် လူ့အခွင့်အရေးလှုပ်ရှားသူ  အစ္စရေးလ်နိုင်ငံသူ မစ္စစ် နော့အ Noa က မဇ္စျိမကို ပြောကြားရာတွင် “အများစုက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို မသိကြပါဘူး။ တချို့ဆိုရင် မြန်မာဆိုတာတောင် မသိသူတွေ ရှိပါတယ်။ အသက်ကြီးသူ တချို့လောက်ပဲ အရင်က မြန်မာနဲ့ ဆက်ဆံရေး အခြေအနေကို သိကြတယ်” ဟု ဆိုသည်။   

ဆန္ဒပြပွဲကို မနက် ၁ဝ နာရီခွဲမှစတင်ကာ ၂ နာရီကျော်ကြာ ပြုလုပ်ခဲ့သည်။ တဲလ်အဗစ်တွင် မြန်မာ ၈၀ ကျော် ရှိပြီး အများစုမှာ အိမ်သန့်ရှင်းရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် လုပ်ကြသည်။

မတ်လ ၁၃ ရက်နေ့သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းရဲများက သေနတ်ဖြင့် ပစ်၍ ကွယ်လွန်သော ၂၃ နှစ် မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဒီမိုကရေစီလိုလားသော အတိုက်အခံများက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ထားကြသည်။

စက်မှုတက္ကသိုလ် အရေးအခင်းမှသည် တနိုင်ငံလုံး လူထုအုံကြွမှုဖြစ်ပေါ်ခဲ့ပြီး သမ္မတ ၃ ယောက် ဆက်တိုက် ပြုတ်ကျသွားခဲ့သော်လည်း စစ်တပ်က ပစ်ခတ်၍ လူ ၃ ထောင်ကျော် သေဆုံးခဲ့ရသည်။

Burma Action (Israel) ကို ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရ ဖြုတ်ချရေး၊ မြန်မာပြည် ဒီမိုကရေစီရရှိရေးနှင့် အတိုက်အခံ အင်အားစုများကို ထောက်ခံရေး ရည်ရွယ်ချက်များဖြင့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

မြန်မာအစိုးရသစ်ကို အစ္စရေးလ်ရောက်များ လက်မခံ

သဲသဲ | အင်္ဂါနေ့၊ မတ်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္စျိမ) ။       ။ ရွေးကောက်ပွဲက ရွေးချယ်လိုက်သော မြန်မာအစိုးရသစ်ကို လက်မခံကြောင်း တဲလ်အဗစ်မြို့တော် မြန်မာသံရုံးရှေ့့တွင် အင်္ဂါနေ့က အစ္စရေးရောက် မြန်မာများ ဆန္ဒပြခဲ့ကြသည်။

အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အစိုးရဖြစ်ခြင်းကြောင့် ကန့်ကွက်ရကြောင်း ဆန္ဒပြသူ ၃ဝ ခန့်က ဆိုသည်။

ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်က ကျင်းပရန် စီစဉ်ခဲ့သော်လည်း ရဲဌာန ခွင့်ပြုချက်ကို စောင့်ရသဖြင့် ယနေ့မှ ကျင်းပနိုင်ခြင်း ဖြစ်သည်။

“နိုင်ငံရေး အကျဉ်းသားတွေ  လွှတ်ပေးဖို့ရယ်၊ နအဖရဲ့

Israels

ရွေးကောက်ပွဲက ရွေးချယ်လိုက်သော မြန်မာအစိုးရသစ်ကိုု လက်မခံကြောင်း အစ္စရေးရောက် မြန်မာများ ဆန္ဒပြခဲ့ကြ (ဓါတ်ပုံ မဇ္စျိမ)

လွှတ်တော်ဟာ အတုအယောင် ဖြစ်တာကြောင့် လုံးဝ လက်မခံနိုင်ဘူးဆိုတာ အစ္စရေးလ်လူထု သိအောင် ကျနော်တို့လုပ်တာပါ ” ဟု ဆန္ဒပြပွဲ ဦးဆောင်သည့် Burma Action (Israel) အဖွဲ့မှ ကိုသူရက မဇ္စျိမကို ပြောသည်။

အစ္စရေးလ် အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်နေသဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ထိရောက်စွာ မကူညီဟု ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြပွဲ၌ ပါဝင်သည့် လူ့အခွင့်အရေးလှုပ်ရှားသူ  အစ္စရေးလ်နိုင်ငံသူ မစ္စစ် နော့အ Noa က မဇ္စျိမကို ပြောကြားရာတွင် “အများစုက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို မသိကြပါဘူး။ တချို့ဆိုရင် မြန်မာဆိုတာတောင် မသိသူတွေ ရှိပါတယ်။ အသက်ကြီးသူ တချို့လောက်ပဲ အရင်က မြန်မာနဲ့ ဆက်ဆံရေး အခြေအနေကို သိကြတယ်” ဟု ဆိုသည်။   

ဆန္ဒပြပွဲကို မနက် ၁ဝ နာရီခွဲမှစတင်ကာ ၂ နာရီကျော်ကြာ ပြုလုပ်ခဲ့သည်။ တဲလ်အဗစ်တွင် မြန်မာ ၈၀ ကျော် ရှိပြီး အများစုမှာ အိမ်သန့်ရှင်းရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် လုပ်ကြသည်။

မတ်လ ၁၃ ရက်နေ့သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းရဲများက သေနတ်ဖြင့် ပစ်၍ ကွယ်လွန်သော ၂၃ နှစ် မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဒီမိုကရေစီလိုလားသော အတိုက်အခံများက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ထားကြသည်။

စက်မှုတက္ကသိုလ် အရေးအခင်းမှသည် တနိုင်ငံလုံး လူထုအုံကြွမှုဖြစ်ပေါ်ခဲ့ပြီး သမ္မတ ၃ ယောက် ဆက်တိုက် ပြုတ်ကျသွားခဲ့သော်လည်း စစ်တပ်က ပစ်ခတ်၍ လူ ၃ ထောင်ကျော် သေဆုံးခဲ့ရသည်။

Burma Action (Israel) ကို ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရ ဖြုတ်ချရေး၊ မြန်မာပြည် ဒီမိုကရေစီရရှိရေးနှင့် အတိုက်အခံ အင်အားစုများကို ထောက်ခံရေး ရည်ရွယ်ချက်များဖြင့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

Most read this week