ပါဆယ်ပို့သူများ ဓာတ်ပုံရိုက်ခံရမည်

ပါဆယ်ပို့သူများ ဓာတ်ပုံရိုက်ခံရမည်
by -
မဇ္စျိမသတင်းဌာန

ဗုံးထောင်မည့် စိုးရိမ်ချက်များကြောင့် အဝေးပြေးယာဉ် ရပ်နားစခန်းများတွင် ပါဆယ်ပို့လိုသူသည် ပစ္စည်းနှင့်တကွ ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ထားရန် ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက ...

ရန်ကုန် (မဇ္စျိမ) ။        ။ ဗုံးထောင်မည့် စိုးရိမ်ချက်များကြောင့် အဝေးပြေးယာဉ် ရပ်နားစခန်းများတွင် ပါဆယ်ပို့လိုသူသည် ပစ္စည်းနှင့်တကွ ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ထားရန် ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက ညွှန်ကြားထားသည်။

ယာဉ်ပေါ်တင်မည့် ခရီးသည်များ၏ ပစ္စည်းများနှင့် ပါဆယ်အထုပ်များအား ဖွင့်ဖောက်ရှာဖွေရန်၊ ပစ္စည်းများအား ဓာတ်ပုံရိုက်ရန်နှင့် ခရီးသည်များကို ဗုံးရှာကိရိယာဖြင့် စစ်ဆေးကာ ပါဆယ်ပို့သူနှင့် ပါဆယ်ထုပ်အား တွဲဖက်၍ ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ရန် စသည့် စည်းမျဉ်းများ ပါဝင်သည်။

မိုင်းရှာစက်များကို မတ်လ ၁၁ ရက် နောက်ဆုံးထား၍ FISCA Co.ltd မှ မဖြစ်မနေ ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် မတ်လ ၁၄ ရက်နေ့မှစ၍ စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးညွန့်ဝေ၏ လက်မှတ်ဖြင့် ညွှန်ကြားထားခြင်း ဖြစ်သည်။  ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်၏ အမိန့်အရ ထပ်ဆင့် ညွှန်ကြားချက်ဟု တိုင်း မထသ အရာရှိတဦးက ပြောသည်။

Most read this week