လူ ၅ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရစေခဲ့သည့် ကုန်နှင့် ခရီးသည်တင်ကား တိမ်းမှောက်မှုတရပ် ချင်းပြည်နယ် တီးတိန်မြို့နယ်၌ မတ်လ ၁ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ...
ဘန်ကောက် (မဇ္စျိမ) ။ ။ လူ ၅ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရစေခဲ့သည့် ကုန်နှင့် ခရီးသည်တင်ကား တိမ်းမှောက်မှုတရပ် ချင်းပြည်နယ် တီးတိန်မြို့နယ်၌ မတ်လ ၁ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
တီးတိန်မြောက်ဘက် ၅ မိုင်ခန့်ရှိ လမ်းဇန်ရွာအထွက် ကုန်းအဆင်း၌ ခရီးသည် ၅ဝ ကျော်လိုက်ပါလာသော ကားမှာ ဘရိတ်ပေါက်ကာ မနက် ၁ဝ နာရီကျော်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာရသူများကို တီးတိန်ဆေးရုံုကြီးတွင် ကုသမှု ခံယူနေရသည်။
ခြေလျင်တပ်ရင်း ၂၆၉ မှ ခရီးသည်ကားများကို ချောဆွဲသဖြင့် ယခုတိမ်းမှောက်သည့် ကုန်တင်ကားပေါ် ခရီးသည်အချို့ ပြောင်းလဲလိုက်ပါစီးနင်းခဲ့ကြသည်။
တီးတိန်မြို့နယ်အတွင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် ခရီးသည်တင်ကား မှောက်သဖြင့် ၁၇ ဦး သေဆုံးခဲ့သည်။ ထိုအချိန်မှ ယခုထိ ကားမှောက်မှု ၄ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။