ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP က လွှတ်တော် ၃ ရပ်စလုံးတွင် အနိုင်ရရှိသွား ...
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP က လွှတ်တော် ၃ ရပ်စလုံးတွင် အနိုင်ရရှိသွားကြောင်း ပါတီ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောသည်။
ပါတီ မဲရုံကိုယ်စားလှယ်များ၏ သတင်းပေးပို့ချက်အရ ကျောက်မဲ ပြည်သူ့လွှတ်တော်တွင် ဦးစိုင်းဆောင်ဆီ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင် ဦးစိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ဦးစိုင်းခမ်းကျော်နှင့် အမှတ် ၂ တွင် ဦးစိုင်းသန်းမောင်တို့ အနိုင်ရရှိခဲ့ကြောင်း SNDP ဒု ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။
သို့သော် အနိုင်ရရှိခဲ့သည့် မဲအရေအတွက် အသီးသီးနှင့် ဒုတိယ မဲအများဆုံးဖြင့် အရေးနိမ့်ခဲ့သည့် ပါတီများကို မသိရသေးချေ။ ကျောက်မဲတွင် SNDP အပါအဝင် တအောင်း (ပလောင်)၊ တစညနှင့် ကြံ့ဖွံ့ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ထို့ပြင် ရှမ်းပြည်နယ် သိန္ဒီမြို့ပြည်နယ်လွှတ်တော်၌လည်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အနိုင်ရရှိခဲ့ကြောင်း SNDP က ပြောပါတယ်။