အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာအပေါ် မူဝါဒကို မန္တလေးထွက် စီးပွားရေး နိုဘယ်ဆုရှင် သဘောမတူ

အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာအပေါ် မူဝါဒကို မန္တလေးထွက် စီးပွားရေး နိုဘယ်ဆုရှင် သဘောမတူ

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံအပေါ်ထားသည့် မူဝါဒအား သဘောမတူကြောင်း ငယ်စဉ်က မြန်မာနိုင်ငံ မန္တလေးတွင် နေထိုင်ဖူးသူ အိန္ဒိယနိုင်ငံသား စီးပွားရေး နိုဘယ်ဆုရှင် ပါမောက္ခ အမာတြာဆန်း (Amartya Sen) က ယမန်နေ့တွင် ပြောကြား...

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံအပေါ်ထားသည့် မူဝါဒအား သဘောမတူကြောင်း ငယ်စဉ်က မြန်မာနိုင်ငံ မန္တလေးတွင် နေထိုင်ဖူးသူ အိန္ဒိယနိုင်ငံသား စီးပွားရေး နိုဘယ်ဆုရှင် ပါမောက္ခ အမာတြာဆန်း (Amartya Sen) က ယမန်နေ့တွင် ပြောကြားလိုက်သည်။

နယူးဒေလီမြို့၌ ပြုလုပ်သော စာတတ်မြောက်ရေးဆိုင်ရာ ဟောပြောပွဲတခုတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ထူးခြားသည်မှာ ယင်းဟောပြောပွဲသို့ စီးပွားရေးပညာရှင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းလည်း တက်ရောက်နေချိန် ပြောဆိုခြင်း ဖြစ်သည်။ ”ခင်ဗျားရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ ပေါ်လစီကို ကျနော် သဘောမတူပါဘူး။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမျိုးမှာ ဝန်ကြီးချုပ်ကို ကျနော်ဒါမျိုးပြောလို့ရတယ်" ဟုဆိုသော အမာတြာဆန်း၏ ပြောစကားကို ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ရေးသားထားသည်။

Amartya

စစ်အစိုးရအပေါ်ထားရှိသည့် အိန္ဒိယဝန်ကြီးချုပ် ပေါ်လစီအား စီးပွားရေးနိုဘယ်ဆုရှင် ပါမောက္ခ အမာတြာဆန်းကဝေဖန်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံသိ့ု ယခင်လက အလည်အပတ် ခရီးသွား ရောက်ခဲ့ပြီးနောက် စီးပွားရေး နိုဘယ်ဆုရှင်က ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။

ထိုခရီးစဉ်တွင် မြန်မာစစ်ခေါင်းဆောင်ကို အိန္ဒိယအစိုးရက ကော်ဇောနီဖြင့် ကြိုဆိုခဲ့သည်။ နှစ်နိုင်ငံအကြား ရာဇဝတ်မှု ဆိုင်ရာ အပြန်အလှန် အကူအညီပေးရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍနှင့် လမ်းပန်း ဆက်သွယ်ရေးတို့ အပါအဝင် သဘောတူညီမှုများ လက်မှတ် ထိုးနိုင်ခဲ့သည်။

ပါမောက္ခ အမာတြာဆန်း၏ ဝေဖန် ပြောဆိုချက်သည် အိန္ဒိယ၏ မြန်မာအပေါ်ထားသော မူဝါဒနှင့် သာမာန် အိန္ဒိယနိုင်ငံသားများအပေါ် လွှမ်းမိုးမှု မရှိနိုင်သော်လည်း တတ်သိပညာရှင် အသိုင်းအဝိုင်း အပေါ်ကိုမူ လွှမ်းမိုးမှုရှိမည်ဟု မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံသူ ဆမာတာပါတီ ခေါင်းဆောင်ဟောင်း မစ္စဂျရားဂျတ်တလီ (Jaya Jaitly) က ပြောသည်။

“ကျမလည်း အံ့သြသွားတယ်။ ဒါမျိုး သူအရင်က ပြောလေ့မရှိဘူး။ သူက စီးပွားရေးပညာရှင်ဆိုတော့ ဆင်းရဲ မွဲတေမှု ကိစ္စတွေပဲ ပြောလေ့ရှိတာပဲ။ ဒီမိုကရေစီနဲ့ နိုင်ငံရေးကိစ္စတွေ သိပ်မပြောပါဘူး။ သူအခုပြောတာဟာ အိန္ဒိယက မြန်မာကို နိုင်ငံရေးအရ ဆက်ဆံနေတာကို အဓိကထားပြောတာလို့ ယူဆပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။ အိန္ဒိယနိုင်ငံသား အမာတြာဆန်းသည် ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေသည့် စီးပွားရေး အကြောင်းခံ သဘောတရားများနှင့် ပတ်သက်၍ လေ့လာ ရှင်းလင်းနိုင်ခဲ့သဖြင့် စီးပွားရေး နိုဘယ်ဆုကို ၁၉၉၈ ခုတွင် ရရှိခဲ့သည်။

အသက် ရဝ ကျော်ပြီဖြစ်သော ဆန်းသည် စီးပွားရေး ပါရဂူဘွဲ့ကို ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ် တက္ကသိုလ်မှ ၁၉၅၉ တွင် ရရှိခဲ့ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၌ စီးပွားရေးနှင့် ဒဿနဗေဒ ပါမောက္ခအဖြစ် ထမ်းဆောင်နေသည်။

ဒုတိယ ကမ္ဘာစစ်မဖြစ်ခင် မန္တလေး ဥပစာကောလိပ်တွင် ဖခင်ဖြစ်သူ ဧည့်ကထိကအဖြစ် အမှုထမ်းစဉ် အမာတြာဆန်းသည် အသက် ၃ နှစ်မှ ၆ နှစ်အထိ မန္တလေးမြို့တွင် နေထိုင်ဖူးသည်။

Most read this week