မြန်မာလုပ်သားများ သေမှု အရေးယူရန် ထိုင်းကိုတောင်းဆို

မြန်မာလုပ်သားများ သေမှု အရေးယူရန် ထိုင်းကိုတောင်းဆို
by -
စိုင်းဇွမ်ဆိုင်း
အာဏာပိုင်များ၏ ပယောဂကြောင့် သေဆုံးသွားရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကိစ္စများကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား မဲခေါင်ရွှေ့ပြောင်းမှုကွန်ယက် (Mekong Migration Network) အဖွဲ့က...

အာဏာပိုင်များ၏ ပယောဂကြောင့် သေဆုံးသွားရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကိစ္စများကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား မဲခေါင်ရွှေ့ပြောင်းမှုကွန်ယက် (Mekong Migration Network) အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။

ရဲများက လိုက်လံဖမ်းဆီးမှုကြောင့် ရေထဲခုန်ချရာက သေဆုံးသွားခဲ့သူ အမျိုးသမီးနှစ်ဦး၏ အမှုနှင့် မြန်မာလုပ်သားများတင်ဆောင်လာသော ကားကို ထိုင်းစစ်တပ်က ပစ်ခတ်မှုကြောင့် လူသေဆုံးမှုများအတွက် လက်သည်ဖော်ထုတ်အရေးယူရန် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် မြန်မာလုပ်သားများ၏ အခွင့်အရေးအတွက် အကျိုးဆောင်ပေးနေသော အန်ဂျီအိုက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“အဓိက အချက်ကတော့ ကျနော်တို့ မြန်မာပြည်အစိုးရက မြန်မာအလုပ်သမားတွေအတွက် တခါမှ ထိထိရောက်ရောက် ကာကွယ်မှု၊ ပြောဆိုမှုတွေ မရှိတာက တကြောင်း၊ နောက်တခုက ဒီ ထိုင်းနိုင်ငံ အတွင်းမှာကိုက မြန်မာအလုပ်သမားတွေအတွက် ဥပဒေစိုးမိုးမှု သိပ်မရှိလို့ ဒီလိုကိစ္စတွေ ဖြစ်ပေါ်နေတယ်လို့ ကျနော်ထင်ပါတယ်” ဟု အဖွဲ့မှ ဦးထူးချစ်က ပြောသည်။

မတ်လ ၉ ရက်နေ့က ပင်လယ်ကမ်းခြေမြို့ ဖူးခက်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ရဲများမှ ဝင်ရောက်စစ်ဆေးရာ အမျိုးသမီးငယ်နှစ်ဦးက ရေထဲသို့ ခုန်ချထွက်ပြေးရာမှ ရေနစ်သေဆုံး ခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ရနောင်းခရိုင်တွင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် မော်တော်ယာဉ်က စစ်ဆေးရေးဂိတ်တွင် မရပ်ပေးဘဲ မောင်းပြေးရာ ထိုင်းစစ်တပ်က ပစ်ခတ်၍ သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်။

Most read this week