ကော့စ်ဘာဇာတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေး ဖမ်းဆီးရမိ

ကော့စ်ဘာဇာတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေး ဖမ်းဆီးရမိ
by -
ငြိမ်းချမ်း
ဘင်္ဂလား-မြန်မာနယ်စပ် ကော့စ်ဘာဇာမြို့တွင် ဘတ်စ်ကားတစီးပေါ်မှ ကာလပေါက်စျေး တာကာငွေ ၁ဝ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးများနှင့်အတူ လူ ၃ ဦးအား စစ်တပ်က ယမန်နေ့ ...

ဒါကာ (မဇ္ဈိမ) ။     ။ ဘင်္ဂလား-မြန်မာနယ်စပ် ကော့စ်ဘာဇာမြို့တွင် ဘတ်စ်ကားတစီးပေါ်မှ ကာလပေါက်စျေး တာကာငွေ ၁ဝ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးများနှင့်အတူ လူ ၃ ဦးအား စစ်တပ်က ယမန်နေ့တွင် ဖမ်းဆီးခဲ့သည်။

တက္ကနာမှ ဒါကာသို့ သွားသော ဟာနစ် ခရီးသည် ပို့ဆောင်ရေး ကုမ္ပဏီမှ ကားကို ကော့စ်ဘာဇာရှိ အမှတ် ၁၇ ရိုင်ဖယ်တပ်မှ ဗိုလ်မှူး ရာကီဘယ် (Rakibel) ဦးဆောင်သော အဖွဲ့က ရာမူ (ပန်းဝါ) အရပ်တွင် သတင်းအရ တားဆီးရှာဖွေရာမှ ဘိန်းဖြူ ၁.၈ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၈ဝဝ ကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

“ညနေ ၆ နာရီလောက်ကတည်းက ရာမူမှာ သွားစောင့်နေတာ။ သတင်းရထားတဲ့ ကားကို တက်ပြီးရှာတဲ့အခါ ဒရိုင်ဘာထိုင်ခုံအောက် ပလပ်စတစ်အိတ်အမည်းထဲမှာ တိပ်အမည်းကပ်ပြီး ထုပ်ထားတဲ့ ဘိန်းထုပ်နဲ့ သီးခြား အိတ်တလုံးနဲ့ ထုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေ တွေ့ရလို့ ပစ္စည်းပိုင်ရှင်ရယ်၊ ယာဉ်မောင်းနဲ့ စပယ်ယာကို ဖမ်းထားလိုက်ပါတယ်” ဟု ကော့စ်ဘာဇာ အခြေစိုက် အမှတ် ၁၇ ရိုင်ဖယ်တပ်ရင်းမှ တပ်သားတဦးက မဇ္စျိမကို ပြောသည်။

ခရီးသည် မူဟာမက် အာလီ (Mohamed Ali - ၅ဝ နှစ်)၊ နူရ်ရောင်် (Nurron - ၂၅ နှစ်)၊ ဖာရုက် (Faruque - ၂၂ နှစ်)၊ ယာဉ်မောင်းနဲ့ လက်မှတ်ရောင်းသူကို နယ်စပ်လုံခြံုရေးတပ် BDR တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ကော့စ်ဘာဇာ ရဲစခန်းကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများမှာ ကာလပေါက်စျေး တာကာ ၁ဝ သိန်း (ကျပ်သိန်း ၁၅ဝ) ရှိကြောင်း နယ်စပ်နေ ကုန်သည်များက ခန့်မှန်းသည်။

Most read this week