ကရင်ဒုက္ခသည်များ ထိုင်းက မြန်မာပြည် ပြန်ပို့မည်

ကရင်ဒုက္ခသည်များ ထိုင်းက မြန်မာပြည် ပြန်ပို့မည်
by -
ကျော်ခ၊ ခိုင်စု
ထိုင်းနယ်စပ် နို့ဘိုး ယာယီဒုက္ခသည်စခန်းရှိ ကရင်ဒုက္ခသည်များကို မနက်ဖြန်မှစတင်၍ နေရပ်ရင်း မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်...

ထိုင်းနယ်စပ် နို့ဘိုး ယာယီဒုက္ခသည်စခန်းရှိ ကရင်ဒုက္ခသည်များကို မနက်ဖြန်မှစတင်၍ နေရပ်ရင်း မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင် တော့မည်ဖြစ်သည်။

တာ့ထ််ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ နို့ဘိုးယာယီဒုက္ခသည်စခန်း၏ လူဦးရေ ၉ဝဝ ကျော်အနက် အိမ်ထောင်စု ၃ဝ ကို မနက်ဖြန်တွင် ပို့ဆောင်မှာဖြစ်ပြီး ကျန်သူများကိုလည်း ၁၅ ရက်နေ့မတိုင်မီ ရွှေ့ပြောင်းမှာဖြစ်သည်။

“ဒုက္ခသည်တွေက မပြန်ရဲကြဘူး။ ငြီးနေကြတာပဲ။ ဒါပေမဲ့ မနက်ဖြန်  တာ့ခ်ခရိုင် ထိုင်းစစ်တပ်က ဦးဆောင်ပြီး လယ်ပေါ်ဟဲကို ပြန်ပိုတော့မယ်။ ကျနော်တို့က အတင်းအဓမ္မ မပြောရဲဘူး။ ပြောလည်း မပြောဘူးလေ” ဟု ကရင်ဒုက္ခသည်ကော်မတီ Karen Refugee Committee - KRC ဥက္ကဋ္ဌ ရောဘတ်ထွေးက မဇ္စျိမကို ပြောသည်။

ပြန်ပို့ခံရမည့်သူများမှာ စစ်အစိုးရ၏ မဟာမိတ်ဖြစ်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်် -DKBA ထိန်းချုပ်နယ်မြေ ဘားအံခရိုင် ပိုင်ကျုံမြို့နယ် လယ်ပေါ်ဟဲ ကျေးရွာမှ ဖြစ်သည်။

အလားတူ ခရိုင်တွင်းရှိ အူသူးထစခန်းမှ လူဦးရေ ၁၄ဝဝ ကျော်ကို နေရင်းပြန်ပို့မှာ ဖြစ်သည်။

“မင်းတို့ကို ရိက္ခာထောက်ပံ့နေတဲ့ အင်္ဂလိပ်တွေက မင်းတို့ကို မထောက်ပံ့တော့ဘူး။ မင်းတို့က မင်းတို့ နိုင်ငံမှာ စစ်ဖြစ်လို့ ဒီဘက်ကို ပြေးလာတယ်။ အခု မင်းတို့နိုင်ငံမှာ စစ်မဖြစ်တော့ ပြန်လို့ရပြီဆိုပြီး၊ နေ့တိုင်းလိုလို တအိမ်တက် နှစ်အိမ်တက် လိုက်ပြောနေတာ။ အခုလည်း ၁၅ ယောက်လောက်ရှိတယ်၊ လာပြောနေတာ” ဟု စခန်းတာဝန်ရှိသူ တဦးက ပြောသည်။

ဒုက္ခသည်များအတွက် မြေမြှုပ်မိုင်းအန္တရာယ်ရှိသဖြင့် ပြန်ပို့ခြင်းမပြုရန် ကရင်အမျိုးသမီးအဖွဲ့ KWO က ယနေ့ ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်းအစိုးရက ဒုက္ခသည်များကို လက်ခံလာသည်မှာ နှစ် ၃ဝ ရှိပြီဖြစ်ကြောင်းနှင့် သတ်ဖြတ်မှု ကြီးမားသော စစ်အစိုးရ၏ နယ်မြေသို့ ဒုက္ခသည်များ ပြန်ပို့လျှင် သေတွင်းတွန်းပို့နေခြင်းနှင့်တူကြောင်း KWO တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) နော်ဘလူးမင်းနိုက်ဇန်က ပြောဆိုခဲ့သည်။

ပြန်ပို့ရေးကိစ္စကို ယခုလ ၂၆ ရက်နေ့က နိုဘိုးစခန်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အာဏာပိုင်များ၊ ကုလသမဂ္ဂ ဒုက္ခသည်ရုံး၊ ဒုက္ခသည်များကို ထောက်ပံ့ပေးနေသော အန်ဂျီအိုများနှင့် ကရင့်အမျိုးသားအစည်းအရုံး -KNU နှင့် DKBA တို့ု့ ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက်မကျနိုင်ဘဲ ဖြစ်ခဲ့သည်။

KNU တပ်မဟာ ရ နယ်မြေ ဘားအံခရိုင်အတွင်းရှိ ဒေသခံ ကရင်တိုင်းရင်းသားများမှာ ယခုနှစ် ဇွန်လ အစပိုင်းက စစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

Altsean Burma မှ ပြောရေးဆိုခွင့်ရှိသူ Debbi Stothard  က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ တိုးပွားလာခြင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ဆက်နွယ်မှုရှိကြောင်းနှင့် အရှေ့ပိုင်းဒေသများဖြစ်သော ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း ဒေသများကို ရွေးကောက်ပွဲအတွက် ထိန်းချုပ်လိုသဖြင့် ထိုးစစ်ဆင်မှု များလာသောကြောင့် ဒုက္ခသည်များလည်း ပိုများလာနိုင်ကြောင်း မဇ္စျိမကို ပြောသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော KNU က ယနေ့တွင် ကြေညာချက် ထုတ်ပြန်ရာ စစ်ရေးရှုပ်ထွေးနေသော ဒေသသို့ ဒုက္ခသည်များပြန်ပို့လျှင် ၎င်းတို့၏ လုံခြံုမှုအတွက် စိုးရိမ်ရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသတွင် ၂ဝဝ၈ ဇူလိုင်လမှ ၂ဝဝ၉ ဒီဇင်ဘာလအထိ စစ်ဒဏ်ခံ အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း အနည်းဆုံး ၁၁၈၈ဝဝ ရှိပြီး ၄၃၈ဝဝ မှာ ထိုင်းနယ်စပ်သို့ ရောက်ရှိကာ၊ ရ၅ဝဝ မှာ အိုးအိမ်မဲ့ ဖြစ်နေကြောင်း Altsean Burma က ထုတ်ပြန်ထားသည်။