ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးပေးနေဟု လပွတ္တာမြေတိုင်းမှူးပြော

ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးပေးနေဟု လပွတ္တာမြေတိုင်းမှူးပြော
by -
ကျော်သိင်္ခ
နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းအတွင်းမှ လယ်ယာမြေများ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် လယ်သမားများအား လျော်ကြေးပေးကြောင်း လပွတ္တာမြို့နယ် ...

နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းအတွင်းမှ လယ်ယာမြေများ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် လယ်သမားများအား လျော်ကြေးပေးကြောင်း လပွတ္တာမြို့နယ် မြေတိုင်း ဦးစီးမှူးက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်၊ တောက်မှော်အပိုင် သရက်ကုန်းကျေးရွာမှ လယ်သမား ၂ဝ ဦး၏ လယ် ယာမြေများအတွက် လျော်ကြေးငွေ မရရှိကြောင်း ပြောဆိုမှုအပေါ် သူကတုန့်ပြန်ပြောကြားခြင်းဖြစ်သည်။

ထို့အပြင် ယင်းကျေးရွာမှ အသုံးပြုခဲ့သည့် မြေများမှာ လယ်မြေများမဟုတ်ပဲ “စားကျက်မြေ” များသာ ဖြစ် သည်ဟုလည်း သူကဆိုသည်။

“အဲဒါတွေက လယ်မြေတွေ မဟုတ်ဘူး။ နိုင်ငံတော်က တမင်အသုံးပြုဖို့ထားတဲ့ စားကျက်မြေတွေပါ။ နိုင်ငံ တော်က သိမ်းလိုက်လို့ ဆုံးရှုံးသွားတဲ့ လယ်မြေတွေအတွက် တဧကကို နှစ်သိန်းပေးပါတယ်” ဟု လပွတ္တာ မြို့နယ်မြေတိုင်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်မြင့်က မဇ္စျိမကို ပြောသည်။

သို့သော် လယ်သမားအယောက် ၂ဝ ၏ လယ်များမှာအား တည်ဆောက်ရေးလုပ်ငန်းများအတွက် ယခင် အပတ်မှစပြီး အသုံးပြုခဲ့ရပြီး လယ်ဧက ၂ဝဝ အတွက် ယခု ထိတိုင် လျော်ကြေးမရသေးကြောင်း သိရ သည်။

လယ်သမားတဦးက “စပါးတွေက အခုမှ ရိတ်ကာစပဲ ရှိသေးတာ။ မပြီးသေးဘူး။ အခု သူတို့က မြောင်း တွေလာဖောက်တော့ ဒုက္ခရောက်ကုန်တယ်။ သူတို့ဆောက်တဲ့နေရာက နည်းတာမဟုတ်ဘူး။ အခု စပါး တွေပါ အကုန်ပါကုန်တာပေါ့” ဟု မဇ္စျိမကို ပြောသည်။

လပွတ္တာမြို့နယ်အတွင်း၌ တည်ဆောက်ရေးလုပ်ငန်းများကို အကောင်ထည်ဖော်နေသည်မှာ ရ လကျော် နေပြီဖြစ်ပြီး အဆိုပါ လယ်သမားများ၏ လယ်မြေများ ပျက်စီးခဲ့သည်မှာလည်း မှန်ကန်ကြောင်း မြို့ခံတဦး ကပြောသည်။

ပြီးခဲ့သည့်လက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နာဂစ်မုန်တိုင်းသင့်ဒေသ ခရီးစဉ်အပြီးတွင် ယခုကဲ့သို့ လယ်မြေသိမ်းယူမှုများ ယခင်ကထက် ပိုမိုများပြားလာပြီး ဆောက်လုပ်ရေးကုမ္ပဏီများနှင့် စည်ပင်က တည်ဆောက်ရေးလုပ်ငန်းများကို နေ့၊ ည မပြတ် လုပ်ဆောင်နေကြကြောင်းလည်း သူက ပြောသည်။

နာဂစ်ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများ၏ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများအတွက် စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများဖြစ်သော ဧရာရွှေဝါ၊ ထူး၊ ဝါဝါဝင်း၊ အေးရှားဝေါလ်၊ ရွှေသံလွင်၊ ဧဒင်၊ မက်စ်မြန်မာ၊ အက်ဖ်အမ်အိုင် စသည့် ကုမ္ပဏီများက ဦးစားပေး လုပ်ပိုင်ခွင့်ရရှိထားသည်။

၂ဝဝ၈ ခု မေ ၂-၃ ရက်တွင် တနာရီမိုင် ၁ဝဝ ကျော်ဖြင့် တိုက်ခတ်သွားသည့် နာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ခံလိုက်ရပြီး ဧရာဝတီတိုင်းသည် အဆိုးရွားဆုံးဖြစ်သည်။ မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေ ခဲ့ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Most read this week