ဘောလုံး ကလပ်များ ဒေါ်လာ ရ သောင်းတန် ကားပါမစ် လျှောက်ခွင့်ရ

ဘောလုံး ကလပ်များ ဒေါ်လာ ရ သောင်းတန် ကားပါမစ် လျှောက်ခွင့်ရ
by -
မေကျော်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပုဂ္ဂလိက ဘောလုံးအသင်းများကို တသင်းလျှင် အမေရိကန် ဒေါ်လာ ရ သောင်းတန် ကားပါမစ် လျှောက်ထားခွင့်ပြုမည်ဟု ဘောလုံးအဖွဲ့ချုပ်က ပြော ...

 
ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပုဂ္ဂလိက ဘောလုံးအသင်းများကို တသင်းလျှင် အမေရိကန် ဒေါ်လာ ရ သောင်းတန် ကားပါမစ် လျှောက်ထားခွင့်ပြုမည်ဟု ဘောလုံးအဖွဲ့ချုပ်က ပြောသည်။
 
“အသင်းတွေကို ကျနော်တို့က စုပေါင်းပြီးတော့ လျှောက်ဖို့ကို ဥက္ကဋ္ဌကနေပြီးတော့ အသင်းအဖွဲ့တွေကို ပြောလိုက်ပါတယ်။ အဲဒါကို အခု ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ရှိပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ် ခေတ္တ အတွင်းရေးမှူး ဦးရဲထွဋ်တင်က မဇ္ဈိမကို ပြောသည်။
 
အသင်း တသင်းစီအလိုက် ဘောလုံးအသင်းများ အသုံးပြုရန် ကားတင်သွင်းခွင့် မလျှောက်ထားဘဲ ဘောလုံးအသင်းများ စုပေါင်း၍ လျှောက်ထားရန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုထားသည်ဟု သိရသည်။
 
ယင်းအစီအစဉ်အရ ကလပ်အသင်း ၈ သင်းမှ ဘောလုံးအဖွဲ့ချုပ်သို့ သွင်းကုန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည့် ကား၂ စီးကို ကန်ဒေါ်လာ ရ သောင်းထက် မပိုစေဘဲ အဆိုပြုရမည်။ ကား ၂ စီးကို ပြည်ပ ပေါက်စျေးအတိုင်း တင်သွင်းခွင့်ရရန် အဖွဲ့ချုပ်က စီစဉ်ပေးမည် ဖြစ်သည်။
 
“ဒီကားတွေက မလွဲမသွေလိုမယ့် ကားတွေလေ။ ဒီဥစ္စာက ရှင်းရှင်းပြောရင် သူများ ကားတွေ ငှားရတာထက် ကိုယ်ပိုင်ကားနဲ့ သွားရတာက ဘာပဲဖြစ်ဖြစ် ကိုယ့်တံဆိပ်ကိုယ် တပ်သွားလို့ ရတာပေါ့” ဟု ဘောလုံးအဖွဲ့ချုပ် ခေတ္တ အတွင်းရေးမှူး ဦးရဲထွဋ်တင်က ဆိုသည်။
 
မည်သို့သော ကားအမျိးအစားကို တင်သွင်းခွင့်ပြုမည်ကို လောလောဆယ် သဲသဲကွဲကွဲ မသိရသေးသော်လည်း ဘတ်စ်တစင်းနှင့် စိတ်ကြိုက်ကား တစင်း ဖြစ်မည်ဟု အဖွဲ့ချုပ် အသိုင်းအဝိုင်းက ပြောကြသည်။
 
မြန်မာပြည်၏ ကားတင်သွင်းခွင့်ကို စစ်တပ်၏ ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သော စီးပွားရေး ဦးပိုင်လိမိတက်က တင်သွင်းခွင့်ကို ချုပ်ကိုင်ထားသည်။
 
လက်ရှိ ကလပ်ဘောလုံး အသင်း ၈ သင်းရှိပြီး အားလုံးကို အထင်ကရ စီးပွားရေးသမားကြီးများက ပြည်နယ်၊ တိုင်း ၈ ခုကို ကိုယ်စားပြု တည်ထောင်ထားကြသည်။
 
ဦးထွန်းမြင့်နိုင် Asia World Co., Ltd က မကွေး FC ၊ ဦးအောင်ကိုဝင်း KBZ Bank က ကမ္ဘောဇ FC ၊ ဒေါက်တာ စိုးင်းဆမ်ထွန်း Loi Hein Co., Ltd က ရတနာပုံ FC ၊ ဦးတေဇ Htoo Group of Co., က ရန်ကုန် ယူနိုင်တက်၊ ဦးအောင်မိုးကျော် IBTC Co., Ltd ဥဿယူနိုက်တက်၊ ဦးဌေးမြင့် Yuzana Co.,ှSouthen Myanmar FC၊ ဦးဝင်းမြင့် Shwe Naga Minn Group of Co., ဇေယျာရွှေမြေ FC ၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ MAX က ထောက်ပံ့ထားသည့် Delta United FC ကို ဦးစိုးဟန်လင်း (ပုသိမ် အသင်း ဥက္ကဋ္ဌ) က အသင်းပိုင်ရှင်များဖြစ်ကြသည်။
 
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ပြိုင်ပွဲစပြီး ဇူလိုင်လ ၅ ရက်နေ့ထိ ကျင်းပခဲ့သည့် ပထမဆုံး နေရှင်နယ်လိဂ် ပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

Most read this week