အရာရှိစာရင်း |
|
ဗိုလ်မှူး |
၃ ဦး |
ဗိုလ်ကြီး |
၅ ဦး |
ဒုဗိုလ်နှင့် ဗိုလ် |
၁၀ ဦး |
|
+++ |
စုစုပေါင်း |
၁၈ ဦး |
နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံ |
|
အရာရှိအဆင့် |
၁၈ ဦး |
အခြားအဆင့် |
၃ဝ၈ ဦး |
|
+++ |
စုစုပေါင်း |
၃၂၆ ဦး |
ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် (Border Guard Force) ဟူသော အသုံးအနှုန်းအစား ကချင်ဒေသ လုံခြံုရေးတပ်ဖွဲ့ (Kachin Regional Guard Force) ဟု သုံးစွဲပြီး အင်အားကိုလည်း လက်ရှိအတိုင်း ထားလိုကြောင်း ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရကို တင်ပြထားသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့တွင် KIO ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ယခုလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်စစ်တပ်ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ကြိုးပမ်းနေခြင်းအပေါ် KIO က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“အခုလောလောဆယ်တော့ အစိုးကို တင်ပြ တောင်းဆိုထားတာပဲ ရှိသေးတယ်။ ဆွေးနွေးဖို့ ရှိသေးတယ်။ စစ်အစိုးရဘက်မှ အဖြေမပေးသေးဘူး။ ကျနော်တို့က KIO တပ်အင်အား နဂိုအတိုင်း ဖြစ်ဖို့ တင်ပြထားတယ်။ သူတို့ ပြောတဲ့ Border Guard force နယ်ခြားစောင့်တပ်အဖြစ် ပြောင်းဖို့ လက်မခံဘူး” ဟု KIO မှ အဆင့်မြင့် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ KIO ဗဟိုကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်တို့ တက်ရောက်ခဲ့သည်။
အခြားအဆင့် |
|
သူနာပြုကျွမ်းကျင် |
၁ ဦး |
အရာခံဗိုလ် (RSM) |
၁ ဦး |
ဒု-အရာခံဗိုလ် (တပ်ကြပ်ကြီးစာရေး) |
၁ ဦး |
ဒု-အရာခံဗိုလ် |
၅ ဦး |
တပ်ခွဲတပ်ကြပ်ကြီး CQ |
၁ ဦး |
တပ်ကြပ်ကြီးစာရေး |
၈ ဦး |
တပ်ကြပ်ကြီး |
၁၆ ဦး |
တပ်ကြပ် |
၄၄ ဦး |
ဒုတပ်ကြပ် |
၃၃ ဦး |
တပ်သား |
၁၉၈ ဦး |
|
+++ |
စုစုပေါင်း |
၃ဝ၈ ဦး |
နှစ်ပေါင်းများစွာ လက်နက်ကိုင် ပုန်ကုန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူသွားခဲ့သည့် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းပြီး၊ အင်အားကို ကန့်သတ်ရန် စစ်အစိုးရက ဖိအားပေးနေရာ အများစုက လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း လက်ခံရမည် ဖြစ်သည်။
အရာရှိ အဆင့် ၁၈ ဦး၊ အခြားအဆင့် ၃ဝ၈ ဦးဖြစ်သော နယ်ခြားစောင့်တပ်တွင် တပ်မှူးမှာ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိ ၂၇ ဦးတို့ကို ထည့်သွင်းပေးရမည် ဖြစ်သည်။
KIO ၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) လက်ရှိ အင်အားမှာ ၂ သောင်းခန့်ဟု ယုံကြည်ရပြီး၊ ဒီမိုကရေစီ အစိုးရသစ်တရပ် ပေါ်ထွန်းလာချိန်အထိ အင်အားကို ဆက်လက်ထိန်းသိမ်းထားလိုနေသည်။
ကချင်တိုင်းရင်းသား ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်း ၄ ခုရှိရာမှ အဖွဲ့ငယ်များက နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။
ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) သည် နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ လဆန်အောင်ဝါအဖွဲ့နှင့် ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KDA) တို့လည်း ပြည်သူ့စစ်အဖြစ်သို့ လည်းကောင်း ပြောင်းရမည် ဖြစ်သည်။