ဂိုချောက်တောင် မြန်မာနိုင်ငံတွင် လေးရက်ကြာ လည်ပတ်မည်

ဂိုချောက်တောင် မြန်မာနိုင်ငံတွင် လေးရက်ကြာ လည်ပတ်မည်
စကာင်္ပူ ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ဝါရင့် ဝန်ကြီး ဂိုချောက်တောင်သည် မြန်မာနိုင်ငံတွင် ယနေ့မှ စ၍ ၄ ရက်ကြာ စကာင်္ပူ အစိုးရ ခရီးစဉ်အဖြစ် လည်ပတ်မည်ဖြစ်သည်။ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ သွားရောက် လည်ပတ် ...

ချင်းမိုင်။     ။ စကာင်္ပူ ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ဝါရင့် ဝန်ကြီး ဂိုချောက်တောင်သည် မြန်မာနိုင်ငံတွင် ယနေ့မှ စ၍ ၄ ရက်ကြာ စကာင်္ပူ အစိုးရ ခရီးစဉ်အဖြစ်  လည်ပတ်မည်ဖြစ်သည်။

စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ သွားရောက် လည်ပတ်ကာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမည်ဟု စကာင်္ပူ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

သူက  မြန်မာ နိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာရန် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့သို့ လည်ပတ်မည် ဖြစ်သည်။

ယင်းနောက် နာဂစ်ဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးအစီအစဉ် အဖြစ် စကာင်္ပူအစိုးရ အကူအညီပေးထားသော ကရင်ချောင်းကျေးရွာ ဆေးရုံ ဖွင့်ပွဲကိုလည်း တက်ရောက်မည် ဖြစ်သည်။

သူနှင့် အတူ စကာင်္ပူ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဂမ်ကင်ယွန်း၊ ပါလီမန်ကော်မတီ ဥက္ကဌ ( နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ) မစ်ချဲလ် ပါမားလ် တို့နှင့် အတူ အကြီးတန်း အရာရှိများ လိုက်ပါလာကြသည်။

စကာင်္ပူတွင် ပြီးခဲ့သည့်လက ကျင်းပသည့် The Shangri- La Dialogue အစည်းအဝေးတွင် စစ်အစိုုးရ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းလုံခြံုရေးကို ချိုးဖောက်ရာ မရောက်ကြောင်း ပြောကြားပြီးနောက် ယခု ခရီးစဉ်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Most read this week