တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ စစ်တပ်ကပြောပြီး လပိုင်းအကြာ "ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ" ကို ပြဌာန်း

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ စစ်တပ်ကပြောပြီး လပိုင်းအကြာ "ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ" ကို ပြဌာန်း
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသရှိ တရုတ် ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းတစ်စိတ်တစ်ပိုင်းကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်/ Photo - Myanmar Wanbao Mining Copper Limited
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသရှိ တရုတ် ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းတစ်စိတ်တစ်ပိုင်းကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်/ Photo - Myanmar Wanbao Mining Copper Limited

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး လပိုင်းအကြာ "ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ" ကို အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်မှတ်နဲ့ ဒီနေ့ ပြဌာန်းလိုက်ပါတယ်။

တရုတ်နိုင်ငံက ပေးပို့လာတဲ့ နှစ်နိုင်ငံကြား လုံခြုံရေးကုမ္ပဏီထူထောင်ရေးနဲ့ပတ်သက်လို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးတဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

လုပ်ငန်းကော်မတီကိုတော့ စစ်ကောင်စီဟာ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှ ထုတ်ပြန်ခဲ့တာပါ။

အဲဒီလို လုပ်ငန်းကော်မတီ ဖွဲ့စည်းခဲ့တဲ့အချိန်ဟာ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ရရှိခါနီးအချိန်ဖြစ်ပါတယ်။

အဲဒီနောက် လအနည်းငယ်အကြာ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ "ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ" ကို စစ်ကောင်စီက ပြဌာန်းလိုက်တာပါ။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ထဲက တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေကို AA က အများအပြား ထိန်းချုပ်ထားပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု - ISP Myanmar ရဲ့  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ရရှိထားပြီး ထုတ်ပြန်တဲ့စာရင်းအရ ရခိုင်ပြည်နယ်ထဲက တရုတ်စီမံကိန်း ၁၁ ခုကို AA က ထိန်းချုပ်ထားပြီး အဲဒီထဲက သံတွဲ၊ အမ်းနဲ့ ဂွမြို့တို့မှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ISP Myanmar က ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မဟာဗျူဟာကျတဲ့ တရုတ်စီမံကိန်း ၂၃ ခုရှိပြီး အဲဒီထဲက ၁၃ ခုကို တော်လှန်ရေးအင်အားစုတွေက အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ အဲဒီလိုဖြစ်နေတဲ့အချိန်မှာတော့ တရုတ်အစိုးရဟာ သူ့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဆက်တိုက်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီဘက်က တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီထူထောင်ဖို့ ထုတ်ပြန်ခဲ့ရပြီး အခုအချိန်မှာတော့ ဥပဒပါ ပြဌာန်းလိုက်တာပါ။

တရုတ်နိုင်ငံဟာ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းတွေရှိတဲ့ တခြားနိုင်ငံတွေမှာလည်း သူ့ရဲ့စီမံကိန်းတွေအတွက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို ပို့ဆောင်ထားလေ့ရှိပါတယ်။

အခု စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဥပဒေအရတော့ လုံခြုံရေးကုမ္ပဏီတစ်ခုရဲ့ သက်တမ်းဟာ ၃ နှစ်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုလည်း ခွင့်ပြုထားပါတယ်။

ဒါ့အပြင် လုံခြုံရေးဝန်ထမ်းတွေကို လက်နက်ခဲယမ်းတပ်ဆင်ခွင့်ပြုမယ့်အပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို သတင်းပေးလုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားဖြစ်ရင်တော့ တခြားနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဖြစ်ရဘူးလို့ ဆိုပါတယ်။

အဲဒီ ကုမ္ပဏီတွေဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ရုံး၊ နေအိမ်၊ သိုလှောင်ရုံ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ ဘဏ်၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ လူပုဂ္ဂိုလ်နဲ့ ပစ္စည်းလုံခြုံရေးအတွက် ဆောင်ရွက်တာကို ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဖြစ်တယ်လို့ အဲဒီဥပဒေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဟာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တွေ့ဆုံညှိနှိုင်းပေးတာတွေကို ဦးဆောင်ပြုလုပ်ပေးနေပါတယ်။

April 22, 2025
တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးသွားခဲ့တဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့...
April 4, 2025
စစ်ကောင်စီဟာ အပစ်ရပ်ကြေညာပြီး မြေပြင်အပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာကြောင့် ကြေညာချက်ကို...
ပုံစာ - တရုတ်နိုင်ငံမှလာသည့် ကြက်ခြေနီကားများကို TNLA က ၂၀၂၅၊ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။
April 2, 2025
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေသယ်လာတဲ့...
April 1, 2025
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗောဓိတထောင်မှာ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦးတွေရဲ့အောက်မှာ...