အွန်လိုင်းမှဝေဖန်သူ ၃၂ ဦးကို စစ်ကောင်စီဖမ်းဆီး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှု ပိုဆိုးလာဟုဆို

အွန်လိုင်းမှဝေဖန်သူ ၃၂ ဦးကို စစ်ကောင်စီဖမ်းဆီး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှု ပိုဆိုးလာဟုဆို
မန္တလေးတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေသည့် စစ်ကောင်စီတပ်။ (ပုံ – အဟောင်း)
မန္တလေးတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေသည့် စစ်ကောင်စီတပ်။ (ပုံ – အဟောင်း)

အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ ၂ လအတွင်း ကလေးငယ်တဦးအပါအဝင် အရပ်သား ၃၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း အသံ-Athan အဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၂ဝ၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လအတွင်း ကလေးငယ်တဦး၊ ဘာသာရေးခေါင်းဆောင် ၁ ဦး၊ စီးပွားရေးသမား ၁ ဦးနှင့် သာမာန်ပြည်သူ ၂၉ ဦး စုစုပေါင်း ၃၂ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု ဆိုသည်။

ဒေသအလိုက် ဖမ်းဆီးခံရမှုတွင် ဧရာ၀တီတိုင်းသည် ၂၁ ဦးဖြင့် အများဆုံးဖြစ်သည်။

ရန်ကုန်တိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ၂ ဦးစီနှင့်  တနင်္သာရီတိုင်းတွင် ၁ ဦး အသီးသီး ဖမ်းဆီးခံထားရပြီး အားလုံးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် စစ်ကောင်စီက အရေးယူထားသည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် လူမှုစီးပွားဘဝ ကျဆင်းလာခြင်းနှင့် လူထုအထွေထွေအကျပ်အတည်း ကြီးမားလာပြီး လွတ်လပ်စွာပြောဆိုခွင့်ကို တင်းကျပ်ထားသည့်ကြားမှပင် စစ်ခေါင်းဆောင်များကို ဝေဖန်ခြင်း၊ သရော်စာရေးခြင်းနှင့် နိုင်ငံရေးထုတ်ဖော်ပြောဆိုမှုများ ပေါ်ပေါက်လာသည်ဟု အသံအဖွဲ့က ဆိုထားသည်။

“စကားနဲ့ပြောမိရင်လည်း ဖမ်း၊ ဖေ့စ်ဘွတ်ခ်မှာ ရှယ်မိလို့မိရင်လည်း ဖမ်း၊ tik tok မှာ အသဲပေးမိရင်လည်း ဖမ်း၊ ပါးစပ်ပိတ်နေဆိုတဲ့ အနေအထားပါ။ စစ်တပ်ဆိုတာ လူအခွင့်ရေးဆိုတာကို နားမလည်တဲ့ အဖွဲ့အစည်းလေ။ နားမလည်တော့ ချိုးဖောက်ဖို့က သူတို့အတွက် အလွယ်ဆုံးပါ” ဟု မန္တလေးမြို့မှ စစ်ကောင်စီဆန့်ကျင်ရေးသပိတ် အဖွဲ့ဝင်တဦးက ပြောသည်။

လက်ရှိ မြေပြင်တွင်လည်း စစ်ကောင်စီတပ်ကို ဝေဖန်မှုကြောင့် လူမသိသူမသိ ဖမ်းဆီးခံထားရသူများလည်း ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်ကန့်သတ်ခြင်းအပါအဝင်  လူမှုကွန်ရက်စာမျက်နှာများအား စောင့်ကြည့်ကာ ၎င်းတို့အား ဝေဖန်သူများကို ဖမ်းဆီးနေသည်ဟု အသံအဖွဲ့အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသည့် တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။

ထို့အပြင် စစ်ကောင်စီဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်များကလည်း လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီတပ်ကို ဝေဖန်သူများအား ဖမ်းဆီးရန် လှုံ့ဆော်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အင်တာနက်နှင့် ဒီဂျစ်တယ်အခွင့်အရေးများကို ကန့်သတ်ဖိနှိပ်မှုများအား ၂ဝ၂၄ ခုနှစ်အတွင်း ပိုမိုအားစိုက်လုပ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း အသံအဖွဲ့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း လူမှုကွန်ရက်နှင့် အွန်လိုင်းပေါ်မှတဆင့် ဝေဖန်သူ ၃၇၄ ဦး ဖမ်းဆီးခဲ့သည်ဟု သုတေသနအဖွဲ့တဖွဲ့ဖြစ်သည့် Myanmar Internet Project ကလည်း ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ စစ်ကောင်စီအား ဆိုရှယ်မီဒီယာအသုံးပြု ဝေဖန်ခြင်းကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁,၈၄၀ ဦးရှိကြောင်း Data for Myanmar က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

January 22, 2025
ဧရာဝတီတိုင်းနယ်စပ်တွင် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ...
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ယူထားသော ဤဓာတ်ပုံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အလံများနှင့် မဟာမိတ်အလံများကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝိုင်းတွင် ဖြန့်ကြက်ထားသည်ကို တွေ့မြင်ရပြီး ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ – AFP)
January 21, 2025
မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်တို့အကြား ဇန်နဝါရီ ၁၈...
January 20, 2025
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ဆန်...
လောင်းလုံးမြို့နယ်အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)
January 17, 2025
တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား...