ဗန်းမော်၊မံစီတိုက်ပွဲမှာ စစ်ရှောင်ပြည်သူတွေကို KIA က ဖမ်းဆီးခေါ်ဆောင်ပြီး စစ်တိုက်ခိုင်းတယ်ဆိုတဲ့ သတင်းအမှား

ဗန်းမော်၊မံစီတိုက်ပွဲမှာ စစ်ရှောင်ပြည်သူတွေကို KIA က ဖမ်းဆီးခေါ်ဆောင်ပြီး စစ်တိုက်ခိုင်းတယ်ဆိုတဲ့ သတင်းအမှား

ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့် စစ်ရှောင်ပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ စစ်တိုက်ခိုင်းနေတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းအမှားကို  ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်ပြီးတော့ စစ်ကောင်စီ လော်ဘီချန်နယ်လ်တစ်ခုဖြစ်တဲ့ “မြစ်ဆုံသတင်းဌာန” တယ်လီဂရမ်ချန်နယ်လ်ကနေ ရေးသားဖြန့်ဝေနေပါတယ်။

(မူရင်းအရေးအသား)

“ဗန်းမော်၊ မံစီတိုက်ပွဲများအတွင်း လူအင်အားအားအများအပြားဆုံးရှုံးပြီး၊ လူအင်အား အရေးတကြီးလိုအပ်နေတဲ့ KIA/PDF တွေဟာ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရာ လမ်းကြောင်းများတွင် စောင့်ပြီးတော့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေကြကြောင်း သိရပါတယ်”

“အိုးပစ်အိမ်ပစ်ဘဝနဲ့ ထွက်ပြေးလာတဲ့ ပြည်သူတွေကိုလည်း လူအရမ်းလိုနေလို့ မဖြေစ်မနေ လိုက်ကိုလိုက်ရမယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ၊ ထိုးကြိတ်ရိုက်နှက်တက်တာတွေ လုပ်ဆောင်တယ်" ဆိုပြီးတော့ ရေးသားဖြန့်ဝေနေတာပါ။

အဲဒီဝါဒဖြန့် သတင်းအမှားကို ဝင်ရောက်ကြည့်ရှုသူ ၁,၈၇၇ ယောက်ရှိနေပြီးတော့ တဆင့်ပြန်လည်မျှဝေသူ ၄ ယောက်ထိရှိနေပြီလည်းဖြစ်ပါတယ်။

ဒီအကြောင်းရာနဲ့ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က အချက်လက်စစ်ဆေးသူများ စစ်ဆေးလိုက်တဲ့အခါမှာ သတင်းမှားဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

(သတင်းအမှားဖြစ်ကြောင်း စစ်ဆေးချက်)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဒီကနေ့အထိ ကချင်ပြည်နယ်၊ ဗန်းမော်၊ မံစီမြို့တွေမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်ဆိုတာတော့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြပြီးသားလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်နေသလို မံစီနဲ့ ဗန်းမော်မြို့အနီးက စစ်ကောင်စီစခန်းတွေကိုလည်း KIA နဲ့ မဟာမိတ်တို့က စစ်ကြောင်း ၈ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာကိုလည်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now မှာလည်း ဒီဇင်ဘာလ ၉ ရက်နေ့ ညနေက သတင်းဖော်ပြထားပါတယ်။

အဲဒီသတင်းမှာလည်း တိုက်ပွဲအတွင်း သောင်းနဲ့ချီတဲ့ဒေသခံတွေ နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးနေရပြီးတော့ စစ်ကောင်စီတပ်က စစ်ရှောင်တွေကို လိုက်လံပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကိုလည်း ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။

အသေးစိတ်ဖတ်ရှု လေ့လာလိုသူတွေအနေနဲ့လည်း အခု Link (https://www.facebook.com/share/p/1UT4G9mpZb/?mibextid=oFDknk ) ကတဆင့် သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ဒါအပြင် ဗန်းမော်မြို့တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေ ရှိနေပြီတော့ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း DVB TV News က ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းဖော်ပြထားပါတယ်။

အဲဒီသတင်းအပြည့်အစုံကိုလည်း အခု LINK (https://www.facebook.com/share/p/1EKbdUpxQ1/?mibextid=oFDknk) ကတဆင့် သွား‌‌ရောက်ဖတ်ရူလေ့လာနိုင်ပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကိုလည်း အတတ်နိုင်ဆုံး ကူညီနေသလို စားဝတ်နေရေးနဲ့ နေရေးထိုင်ရေးကိစ္စတွေကိုလည်း ကူညီပေးနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

(သုံးသပ်ချက်)

ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဗန်းမော်မြို့နဲ့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို KIA တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲလည်း ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီက ပစ်ခတ်မှုတွေ လုပ်ဆောင်တဲ့သတင်းတွေကိုသာ တွေ့ရှိထားရတာလည်း ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတဲ့ အကြောင်းအရာကိုတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ  လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေမှာလည်း ဖော်ပြထားတာကို မတွေ့ရှိရပါဘူး။

“မြစ်ဆုံသတင်းဌာန” တယ်လီဂရမ်ချန်နယ်လ်ကနေ ဖြန့်ဝေနေတဲ့

သတင်းအကြောင်းအရာကတော့ တကယ်ဖြစ်ပွားခြင်းမရှိတဲ့ ဝါဒဖြန့်သတင်းအမှား အကြောင်းအရာတွေသာ ဖြစ်ပါတယ်။

(အကြံပြုချက်)

ဒါကြောင့် ပြည်သူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ ပြန်လည်မျှဝေတာတွေ မလုပ်ဆောင်ဖို့နဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေက သတင်းတွေကိုသာ သွားရောက်ဖတ်ရှုကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

PVTV
December 4, 2024
အချိန်အကန့်အသတ်ကြောင့် တော်လှန်ရေးကို တိုက်ရိုက်ထိရောက်မယ့် ကိစ္စတွေအပေါ်မှာပဲ ပိုအားစိုက်ကြဖို့...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
December 3, 2024
ကချင်ပြည်နယ်၊ ဟူးကောင်းလီဒိုလမ်းမပေါ်က ဒွမ်ဘန်၊ မန်ပန်ကျေးရွာတွေဘက်မှာ စပါးရိတ်ခြွေစက်...
 မြစ်ကြီးနားမြို့တွင် ဓါတ်ဆီဝယ်ယူရန် တန်းစီနေကြစဉ်။
November 28, 2024
ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ...