နိုင်ငံခြားငွေ ရှာပေးပေးနေသည့် ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကို စစ်ကောင်စီ ရပ်ဆိုင်းလိုက်ရ

နိုင်ငံခြားငွေ ရှာပေးပေးနေသည့် ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကို စစ်ကောင်စီ ရပ်ဆိုင်းလိုက်ရ

စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား ထိန်းချုပ်ထားဆဲဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့်  နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုကို လုပ်ငန်းလည်ပတ်နိုင်မှုမရှိတော့ဘဲ ရပ်နားထားလိုက်ရပြီဟု သိရသည်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်မြို့တော်စစ်တွေနှင့် မောင်တောမြို့တို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများသည် စစ်ပွဲများကြောင့် ကုန်သွယ်ရေးရပ်ဆိုင်းနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးသုံးနှစ်ကျော်ကာလအတွင်း စစ်တွေမြို့ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၂ သန်းသာရှိခဲ့ပြီး မောင်တောမြို့တို့ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်းသာ ရှိခဲ့ကြောင်း ISP-Myanmar ကထုတ်ပြန်ထားသည်။

‌ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးစခန်းများသည် ရခိုင်နှင့် ဘင်္ဂလားကို ကုန်သွယ်မှု ပြုလုပ်ပြီး  ပြည်ပဝင်ငွေရရှိနေသည့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ အဓိကနေရာများ ဖြစ်သော်လည် လက်ရှိစစ်ပွဲများကြောင့် ရပ်တန့်နေခြင်းဖြစ်သည်။

လက်ရှိတွင် မောင်တောခရိုင်အတွင်း စစ်ကောင်စီ တပ်စခန်းများအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်ကောင်စီ၏ အမှတ်(၅)နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) တစ်ခုတည်းသာ ကျန်ရှိတော့သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကျန်သည့်နေရာများကိုလည်း AA က သိမ်းပိုက်ထားပြီဖြစ်သည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှာမူ စစ်ကောင််စီ၏ထိန်းချုပ်မှု အောက်တွင် ရှိနေ သေးသော်လည်း တိုက်ပွဲများကြောင့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ဟု သိရသည်။

ယခုကဲ့သို့နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်တန့်သောကြောင့် စစ်ကောင်စီ၏ အခွန်အခများ ဆုံးရှုံးသွားသကဲ့သို့ ကုန်သည်များအတွက်လည်း ဆုံးရှုံးမှုများရှိနေကြောင်း ရခိုင်ကုန်သည်များ ထံမှ သိရသည်။

ထို့အပြင် အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံရခဲ့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုသည် ၁၀၂၇ စစ်ဆင်ရေးစပြီးနောက် စစ်ကောင်စီမှ လက်လွှတ် ဆုံးရှုံးထားရကြောင်းလည်း ISP-Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါကုန်သွယ်ရေးစခန်းများမှာ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးနှင့် မူဆယ် နယ်စပ်ကုန်သွယ်ရေးတို့ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်း တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခု၏ နေ့စဉ်ပျမ်းမျှကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂၂ သန်း ကျော်ရှိကြောင်း ISP-Myanmar က ဆိုသည်။

ထိုအထဲတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ နဘုလယ်/ထီးခီးစခန်း၏ ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပြီး နေ့စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၉ သန်းရှိသည်။

အဆိုပါတန်ဖိုးများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိရှိခဲ့သော နယ်စပ် ကုန်သွယ်မှု တန်ဖိုး စုစုပေါင်းအပေါ်မူတည်၍ အကြမ်းဖျင်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...