- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ အထက်တန်းကျောင်းနှစ်ကျောင်းက ကျောင်းသူကျောင်းသားတွေ ပြန်လည်ပေါင်းစည်းရင်းနှီးမှုရရှိစေဖို့ ပထမဆုံးအကြိမ် Students Exchange Activity ပြုလုပ်ခဲ့ပါတယ်။
- ရိုးရာဓလေ့အမွေအနှစ်တွေ မပျောက်ကွယ်သွားအောင်ရည်ရွယ်ပြီး ဖရူဆိုမြို့နယ်မှာ ၁၀ ကြိမ်မြောက် ကယားရိုးရာ စုပေါင်းအဲ့ဒိုပေါ်မီပွဲကို ပြုလုပ်ခဲ့ပါတယ်။
- အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အကြိုအခမ်းအနားကို ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)တို့ပူးပေါင်းဦးဆောင်ပြီး ထိုင်း – ကရင်နီနယ်စပ်တစ်နေရာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာသူတချို့ရဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုချက်နဲ့ မျှော်လင့်ချက်စကားသံကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။