Published
Saturday, August 17, 2024
ဖားကန့်အခြေစိုက် အရေးပါတဲ့စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်
- ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းကို လုံခြုံရေးယူပေးနေပြီး အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းကုန်း ၂ ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
- မြန်မာကျပ်ငွေတန်းဖိုးကျဆင်းပြီး နိုင်ငံခြားငွေစျေးမြင့်တက်နေတာကြောင့် တရုတ် -မြန်မာနယ်စပ်တွေမှာ စစ်ရှောင်နေတဲ့ပြည်သူတွေနဲ့ ပြည်ပရောက်လူငယ်တွေ ပိုပြီးဒုက္ခရောက်နေကြရတယ်လို့ ပြောပါတယ်။
- ပူတာအိုခရိုင် နောင်မွန်မြို့နယ်ဘက်ကို ကုန်ပစ္စည်းတွေမရောက်ရှိတော့တာကြောင့် အခြေခံစားသောက်ကုန်တွေပြတ်လပ်နေတဲ့အပြင် ဒေသခံပြည်သူတွေ ဆန်ဝယ်ယူနိုင်ဖို့တောင် ခက်ခဲနေတယ်လို့ ပြောပါတယ်။