Published
Sunday, May 19, 2024
စစ်တွေဘုန်းကြီးကျောင်းကို စစ်တပ်ကဧည့်စာရင်းစစ်ပြီး စစ်တွေမှတ်ပုံတင်မဟုတ်တဲ့လူငယ် ၁၀၀ ကျော်ကိုဖမ်းဆီး
- ကျောက်တော်က ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးသွားပြီး ဆေးဝန်ထမ်း၊ လူနာနဲ့ လူနာစောင့် ၂၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
- စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတွေကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး စစ်တွေမှတ်ပုံတင်မဟုတ်တဲ့ လူငယ်အယောက် ၁၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။
- ရခိုင်က စစ်ဘေးရှောင်အများအပြား မိုးရာသီမတိုင်မီ အမိုးအကာအောက်ကိုရောက်ရှိဖို့ အရေပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။