ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့တွင် အခြေခံစားသောက်ကုန်ပြတ်လပ်လာ

ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့တွင် အခြေခံစားသောက်ကုန်ပြတ်လပ်လာ

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ တာ၊ စတဲ့ အခက်ခဲတွေကြောင့် အခြေခံစားသောက်ကုန်တွေ  ပြတ်လပ်နေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

မတူပီ ၊ ကန်ပက်လက်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးစတာတွေ ဝယ်ယူဖို့တောင် မရှိတော့ တဲ့ အခြေနေမျိုးမှာ ရှိနေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့နေ ဒေသခံတစ်ဦးက “ ဆော နဲ့ ကန်ပက်လက်မြို့ဘက်ကို အဓိက သွားလာလို့ရတဲ့ ကားလမ်းကို ပိတ်ထားတာ အခုဆို တစ်လ လောက်ရှိနေပြီဆိုတော့ စားသောက်ကုန်တွေတော့ ပြတ်လပ်တဲ့ အနေထားမှာ ရှိတယ် ဆန်အိပ်တချို့ကို တောလမ်းကနေ ဆိုင်ကယ်နဲ့ သယ်ယူတာမျိုးတော့ ရှိတယ်”လို့ ကန်ပက်လက်မြို့အခြေနေကို ပြောပြပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နေဒေသခံတွေဟာ မကွေးတိုင်း ဆောဘက်ကနေ အခြေခံစားသောက်ကုန်တွေအပါဝင် ဆေးဝါးတွေ သယ်ယူရတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့တားမြစ်ခံထားရတာ ၁ လ နီးပါး ကြာလာတဲ့ချိန် ဒေသခံတွေအနေနဲ့ အခက်ခဲရောက်နေကြရတယ်လို့လည်း သိရပါတယ်။

အလားတူ မတူပီမြို့မှာလည်း ဆန်တွေကို ဆိုင်တွေမှာ ဝယ်ယူဖို့တောင် မရှိအောင် ပြတ်လပ်တဲ့ အခြေနေမှာ ရောက်ရှိနေပြီး ဒေသခံတွေအနေနဲပ အခက်ခဲကြုံနေရတယ်လို့လည်း သိရပါတယ်။

Most read this week

October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...
October 10, 2024
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ...
October 7, 2024
ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့...
October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...