နမ့်ခမ်းမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူ (၃၀) ခန့်ရှိ

နမ့်ခမ်းမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူ (၃၀) ခန့်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း ၂ ပတ်ဆက်တိုက် စစ်ကောင်စီမှ လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၁) ရက်မှ (၁၂) ထိ နမ့်ခမ်းမြို့တွင်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသား (၄) ဦး နှင့် အမျိုးသမီး (၄) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၁၆) ဦးရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁ ရက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပညာရာမဘုန်းကြီးကျောင်းရှိ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ကောင်းနောင်မိုရပ်ကွက်၊ ဟိုကတ်၊ နောင်စန့် မှ ဒေသခံ ပြည်သူ (၃) ဦး လက်နက်ကြီး ထိမှန်သေဆုံးခြင်း၊ အောင်မင်္ဂလာ ရပ်ကွက် ဒေသခံ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၅) ရက်က စစ်ကောင်စီသည် နမ့်ဖတ်ကာတပ်စခန်းမှ နေပြီး လက်နက်ကြီးဖြင့် နမ့်ခမ်း စခန်းသစ် ဘက်သို့ လက်နက်ကြီး ပစ်ကူသည့်အတွက် လွိုင်အုံး (လွႆဢူၼ်ႈ)အတွင်း လက်နက်ကြီး ၂ လုံး ကျရောက်သည့်အတွက် အသက် (၅၀) အရွယ်ရှိ လုံးမောင်သန်း နှင့် လုံးဆမ်မွန်း တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာ (၆) ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကောင်းကတ်ကျေးရွာ နှင့် ဟိုနားကျေးရွာ မှ ဒေသခံ မိသားစု ၅ ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာ (၁၁) ရက်မှာ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အောင်မင်္ဂလာ ရပ်ကွက် နှင့် ပေါက်နေရပ်ကွက် မှ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာ (၁၂) ရက်မှာ လေကြောင်းဖြင့် ဗုံးကြဲသည့်အတွက် ကောင်းဆာကျေးရွာ မှ ဒေသခံ ၃ ဦး လက်နက်ကြီး ထိမှန်ပြီး ၁ ဦး သေဆုံးခဲ့သည်။

အလားတူ ဒီဇင်ဘာ (၁၃) ရက်မှာလည်း နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်ရှိ စစ်ရှောင် (၃၀၀) ကျော် ရှိထားသည့် ဇေယျသုခဘုန်းကြီးကျောင်းတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီးကြောင့် လွိုင်အုံးကျေးရွာမှာ နေအိမ် (၉) လုံး၊ ပန်လော့ကျေးရွာမှ နေအိမ် (၇) လုံး၊ မန့်လုံ နေအိမ် မှ (၄) လုံး၊ နမ့်ဆီးလီး မှ နေအိမ် (၃) လုံး၊ ပန်စမ်မှ နေအိမ် (၃) လုံး၊ နောင်စန့်မှ နေအိမ် (၅) လုံး နှင့် ပေါက်နေမှ နေအိမ် (၁၀) လုံး တို့သည် လေကြောင်းလိုင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း TNLA ၏ သတင်းပြန်ကြားရေး မှ ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ နှင့် TNLA တို့ နမ့်ခမ်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားကာ လက်ရှိချိန်ထိ ဒေသခံ ပြည်သူ နေအိမ် (၂၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း နမ့်ခမ်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားချိန်မှ စပြီး လက်ရှိချိန်ထိ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အကြိမ် (၂၅၀) ကြိမ်ရှိပြီး ၂ ဖက်တပ်ဖွဲ့ သေဆုံးမှုများလည်း ရှိနေကြောင်း TNLA က ထုတ်ပြန်ထားသည်။

Most read this week

October 16, 2024
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်...
October 15, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်...
October 15, 2024
သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့်...
October 14, 2024
သျှမ်းပြည် လာရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံကြဲသဖြင့်...