စစ်ကောင်စီသတ်မှတ်တဲ့ ခရီးသွားသင့်နေရာတွေဟာ လုံခြုံရေးကြောင့် လက်တွေ့မဖြစ်နိုင်

စစ်ကောင်စီသတ်မှတ်တဲ့ ခရီးသွားသင့်နေရာတွေဟာ လုံခြုံရေးကြောင့် လက်တွေ့မဖြစ်နိုင်

မြန်မာနိုင်ငံမှာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ သွားရောက် လည်ပတ်သင့်တဲ့ နေရာ ၁၄ ခုကို စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် လက်ရှိလုံခြုံရေး အခြေအနေကြောင့် လက်တွေ့မဖြစ်နိုင်သေးဘူးလို့ ခရီးသွား ဧည့်လမ်း ညွှန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်တွေ ဦးစားပေးလည်ပတ်သင်တဲ့ နေရာ ၁၄ ခုကို စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါ တယ်။

စစ်ကောင်စီ သတ်မှတ်ထားတဲ့ နေရာ ၁၄ ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦလွင်၊ အင်းလေး၊ ကလော၊ တောင်ကြီး၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုနဲ့ ကော့သောင်းတို့ ပါဝင် ပါတယ်။

ခရီးသွားတွေအနေနဲ့ အဲဒီဒေသတွေကို သွားလာပါက ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်တဲ့ သမိုင်းဝင် ဘုရား စေတီပုထိုးတွေကို တွေ့ရမှာဖြစ်သလို ရှေ့ဟောင်း အဆောက်အအုံတွေ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု တွေ၊ သာယာကောင်းမွန်တဲ့ ရာသီဥတုနဲ့ တောတောင်ရေမြေ သဘာဝအလှအပတွေကို လေ့လာနိုင်မယ်လို့ ညွှန်း ဆိုထားပါတယ်။

ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက “အမှန်အားဖြင့်တော့ သူတို့ကတော့ သတ်မှတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်မှာကျတော့ သွားလာရတာ အခက်အခဲတွေက ရှိတယ်။ သွားလာရတာ အဆင်မပြေသေးဘူး။ တစ်အချက် က ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ခရီး သွားလာရင် လွတ်လွတ်လပ်လပ်ကို သွားလာစေချင်တယ်လေ။ လမ်းမှာ အတား အဆီးတွေ၊ အစစ်ခံရတာတွေ၊ ဖုန်းစစ်တာတွေကအစ အများကြီးကျွန်တော်တို့ ကြုံတွေ့နေရတယ်။ အခုနောက် ပိုင်း တံတားတွေ ပိတ်တာစော လာတယ်။ (၇)နာရီဆိုရင် တံတားတွေပိတ်တဲ့အခါကျတော့ ဥပမာခရီးစဉ် တစ်ခု သွားပြီးရင် အပြန်ပြန်ဝင်ဖို့ဆိုတာ တော်တော်ကိုအခက်အခဲတွေပေါ်တယ်။ အသည်းအသန်ကို ပြန်ဝင်ရတဲ့ အခါကျတော့ လည်ပတ်ရတာ မပျော် ရွှင်ဘူးပေါ့” လို့ ပြောပါတယ်။

ခရီးစဉ်တွေကို စစ်ကောင်စီဘက်က ဖော်ထုတ်နေပေမယ့် လမ်းတွေမှာ စစ်ဆေးမှု တင်းကျပ်တာ၊ တံတားတွေ ကို အချိန်စောစောပိတ်တာတွေနဲ့ လုံခြုံရေးအခြေ အနေတွေကြောင့် အခက်အခဲရှိနေဆဲ ဖြစ်တယ်လို့ ခရီးသွား ဧည့်လမ်းညွှန်က ပြောပါတယ်။

“လုံခြုံရေးအပိုင်းကျတော့ အနည်းအကျဉ်းပဲရတော့တယ်။ ကျွန်တော်တို့ သွားချင်တဲ့နေရာတွေကို အပြည့်အဝ သွားလို့လည်း မရဘူးဖြစ်သွားတယ်။ အသံတွေနားထောင်ရတယ်။ အသံတွေ နားထောင်ပြီးတော့ ပုံမှန်အနေအ ထားဖြစ်မှ ကျွန်တော်တို့ အဲဒီလောက်ထိ ပို့ပေးလို့ရတယ်။ ဖော်ဆောင်တာတော့ ဖော်ဆောင်တယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ အနည်းအကျဉ်းလောက်ပဲ သွားလာနေကြတယ်။”

ဒါ့အပြင် ခရီးသွားကဏ္ဍဟာ ကားလမ်းကြောင်းတွေကိုသာ အဓိကအားထားပြီး သွားလာနေရတဲ့အတွက် လက်ရှိ နေရာအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းခရီးလုံခြုံမှုမရှိတဲ့အတွက် စစ်ကောင်စီက ဖော်ဆောင်နေတဲ့ ခရီးစဉ်တွေဟာဆိုရင် လက်တွေ့မကျဘူးလို့ သူကဆက်ပြောပါတယ်။

ခရီးသွားတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ထားတဲ့ ညမထွက်ရအမိန့်တွေ၊ ဧည့်စာရင်းတိုင်ကြားရတဲ့ အချက်တွေ အပါအဝင် တခြားကန့်သတ်ချက်တွေကို မဖြေလျော့ပေးတဲ့အတွက် ခရီးသွားဝင်ရောက်မှု ဆက်တိုက် ကျဆင်း နေတာလို့ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဟာ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေက မြန်မာ နိုင်ငံကို ခရီးသွားဖို့မသင့်ကြောင်း ထုတ်ပြန်မှုအပေါ် သွားရောက်လည်ပတ်သင်တဲ့နေရာတွေအဖြစ် တန်ပြန် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဌာနကတော့ သူတို့နိုင်ငံသားတွေအနေနဲ့ မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ရခိုင်ပြည် နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့ကို ခရီးမသွားကြဖို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သတိပေးထားပါတယ်။

မီးခိုတိတ်စက်ရုံလို့ တင်စားကြတဲ့ မြန်မာခရီးသွားကဏ္ဍဟာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက် ကိုင် ပဋိပက္ခတွေကြောင့် အဆိုးဝါးဆုံးကျဆင်းမှုနဲ့ ရင်ဆိုင်နေရသလို ခရီးသွားလုပ်ငန်းအများစု ခရီးသွားဧည့်လမ်းညွှန်တစ်ဦးကတော့ အရှုံးပေါ်ပြီး ရပ်နားလာကြတာပါ။

ဓာတ်ပုံ-TLT

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...